All News

Local News

၂၁ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲထုတ်ပြန်ကြေငြာချက်

Yangon 20 November 2018

(၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှ အာဆီယံဥက္ကဌ၏ ထုတ်ပြန်ကြေညာချက်

Yangon 19 November 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

Yangon 16 November 2018

၂၀၁၇ ခုနှစ်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏အဓိက ကိန်းဂဏန်းများ

Yangon 15 November 2018

ကုန်သွယ်မှု ပိုမို အဆင်ပြေချောမွေ့လျက်ရှိသော အာဆီယံ

Yangon 06 November 2018

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ NHK သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခြင်း

Yangon 06 November 2018

အာဆီယံစီးပွားရေးအသိုက်အ၀န်း (၂၀၁၅) ဖော်ဆောင်ခြင်းနှင့် မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

Yangon 26 October 2018


Asean News

အာဆီယံ ပေါင်းစည်းမှုနှင့် SME များ၏ အခြေအနေ

20 March 2015, Yangon

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SME) များသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။ ၂၀၀၁ မှ ၂၀၀၉ ခုနှစ်အတွင်း လေ့လာချက်များအရ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ အာရှပစိဖိတ် နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများတွင် SME များ၏ ပါဝင်မှုမှာ ၉၀ ရာခိုင်နှုန်း ခန့်ရှိပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှု မှာလည်း SME လုပ်ငန်းများက အများဆုံး ဖြစ်သည်ကို တွေ့ရပါသည်။ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် အာဆီယံ စီးပွားရေး အသိုက်အ၀န်း (အေအီးစီ) အကောင်အထည် ပေါ်လာမည်ဖြစ်ရာ SME လုပ်ငန်းများ၏ အရေးပါမှုကိုလည်း ချန်လှပ်ထား၍ မရနိုင်ပေ။ အာဆီယံ နိုင်ငံများ၏ SME လုပ်ငန်းများ တိုးတက်မှသာလျှင် အေအီးစီကို အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်မည် ဖြစ်ပါသည်။

ပါရမီ စားပွဲဝိုင်းအဖွဲ့အနေဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးတွင် SME များ၏ အရေးပါမှုကို ကြိုတင်တွေးဆ ထားသည့်အလျောက် SME လုပ်ငန်းများ၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို AEC Perspectives စာစောင်တွင် ရေးသားဖော်ပြ ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ SME များ သိရှိနိုင်ရန် ယင်းစာစောင်တွင် SME များ၏ အရေးပါမှု၊ SME များ၏ ဈေးကွက် ချဲ့ထွင်မှုနှင့် SME ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းများ အကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြထားပါသည်။

အာဆီယံ SME တိုးတက်မှု မူဝါဒ အညွန်းကိန်းကို SME ဖွံ့ဖြိုး တိုးတက်ရေးအတွက် အာဆီယံ မူဝါဒ အခြေပြမြေပုံ (APBSD) (၂၀၀၄-၂၀၁၄) နှင့် စတင်ခဲ့ပြီး ဦးစားပေး အချက် ၅ ချက် ပါဝင်သည့် မဟာဗျူဟာမြောက် အစီအစဉ်များနှင့် မူဝါဒအရ လုပ်ဆောင်ရမည့် အချက်များကို ချမှတ်ခဲ့ပါသည်။ ယင်းအချက် ၅ ချက်မှာ (၁) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည် မြှင့်တင်ခြင်း (၂) SME ဈေးကွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်း (၃) ဘဏ္ဍာငွေ အရင်းအနှီး ရရှိခြင်း (၄) နည်းပညာ ရရှိခြင်းနှင့် (၅) ခိုင်မာသည့် မူဝါဒများ ချမှတ်ထားသည့် ၀န်းကျင်တစ်ခု ဖန်တီးခြင်းတို့ ဖြစ်ပါသည်။ အာဆီယံ SME တိုးတက်မှု မူဝါဒ အညွန်းကိန်းများအရ စင်ကာပူ နိုင်ငံမှာ ၅.၇ နှင့် မလေးရှား နိုင်ငံမှာ ၄.၇ တို့ဖြင့် အမြင့်ဆုံး အညွှန်းကိန်းတွင် ရှိကြသည်။ ကမ္ဘောဒီးယား နိုင်ငံမှာ ၂.၄နှင့် လာအို နိုင်ငံမှာ ၂.၅ ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၂.၉ ရရှိကာ ၎င်းတို့ နှစ်နိုင်ငံတို့ထက် အနည်းငယ် သာလွန်သည့် အခြေအနေ ဖြစ်ပါသည်။

အာဆီယံ ဒေသတွင်း စီးပွားရေး အချိုးညီမျှစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက လုပ်ဆောင်မှု တစ်ခုအနေဖြင့် အာဆီယံ SME ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ လုပ်ငန်း အစီအစဉ် (SAPASD) (၂၀၁၀-၂၀၁၅) ကို APBSD နေရာတွင် အစားထိုး ခဲ့ပါသည်။ ၎င်း၏ မူဝါဒ လုပ်ဆောင်ချက်များတွင် (၁) ဘဏ္ဍာငွေ အရင်းအနှီး ရရှိခြင်း (၂) နည်းပေးလမ်းပြ လုပ်ဆောင်ခြင်း (၃) နည်းပညာ ဖွံ့ဖြိုး တိုးတက်ခြင်း (၄) ဈေးကွက် မြှင့်တင်ခြင်းနှင့် (၅) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ခြင်း စသည်တို့ကို ဖြေရှင်းနိုင်ရန် ထည့်သွင်း ထားပါသည်။

ယခုအခါ အာဆီယံ နိုင်ငံများသည် SME ပြဿနာများကို ပိုမို သတိပြုမိလာပြီး ပိုမ ကောင်းမွန်စေရန် မူဝါဒများ ဖန်တီးသော်လည်း အာဆီယံ SME များအနေဖြင့် ပြဿနာ အများအပြားနှင့် ရင်ဆိုင် နေရဆဲ ဖြစ်ပါသည်။ ယင်းပြဿနာများမှာ ဆက်လက် ကြာမြင့်နေမည့် အလားအလာများလည်း ရှိနေပါသေးသည်။

ကမ္ဘောဒီးယား နိုင်ငံရှိ SME ပြဿနာများမှာ မြန်မာနိုင်ငံနှင့် အလားသဏ္ဍန်တူပြီး ကမ္ဘောဒီးယား အစိုးရ အနေဖြင့် SME မူဝါဒအတွက် အချိန်ကြာမြင့်စွာ ရေးဆွဲ နေခဲ့သော်လည်း ယခုအထိ ထွက်ပေါ်လာခြင်း မရှိသေးပါ။

မှတ်သားစရာကောင်းသည့် ဗီယက်နမ်၏ လုပ်ဆောင်ချက်မှာ အရင်းအနှီး အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော်ရှိသည့် SME အားလုံးအတွက် အွန်လိုင်းတွင် စာရင်းပေးသွင်းသည့် အစီအစဉ် ရှိပါသည်။ ယင်း အစီအစဉ်ကို IFC အကူအညီဖြင့် လုပ်ဆောင်ပြီး ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်ခြင်းမှာ အချိန်ကြန့် ကြာမှုကို လျှော့ချနိုင်သည့်အပြင် လာဘ်စားမှုကိုလည်း လျော့ကျစေနိုင်ပါသည်။

ထိုင်းနိုင်ငံတွင် SME ပေါင်း ၂.၄ သန်း ရှိသော်လည်း အာဆီယံ စီးပွားရေး အသိုက်အ၀န်းအကြောင်း ထဲထဲဝင်ဝင် သိရှိသူမှာ အလွန်နည်းပါးပြီး သာမန် အခြေခံ အကြောင်းအရင်းကိုသာ သိရှိကြသည်။ ပြည်သူ့နှင့် အစိုးရအကြား ဆက်ဆံရေး အားနည်းခြင်း၊ အစိုးရမှ သင်တန်းပေးမှု မရှိခြင်းနှင့် သတင်း အချက်အလက် အသုံးအနှုန်းများကြောင့် ထိုင်းနိုင်ငံရှိ SME များအတွက် အာဆီယံအကြောင်း သိရှိနားလည်မှု နည်းပါးရခြင်း ဖြစ်ပါသည်။

မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်မူ နိုင်ငံ စီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာ SME များ ဖြစ်သည့်အပြင် လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ၆၀ ရာခိုင်နှုန်း ခန့်ကိုလည်း ဖန်တီး ပေးနေသည်မှာလည်း SME များပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာနတွင် မှတ်ပုံတင်ထားသော စာရင်းများအရ SME လုပ်ငန်းပေါင်း ၃၈၀၀၀ ကျော် ရှိပါသည်။ SME ဥပဒေအသစ်ကို ၂၀၁၂ ခုနှစ် ဧပြီလကတည်းက ပြန်လည် ရေးဆွဲပြီး ပြည်သူ့ လွှတ်တော်သို့ တင်ထားရာ လွှတ်တော် ၃ ရပ်၌ ပြန်လည် ကြားနာနေပါသည်။ မြန်မာ အစိုးရ အနေဖြင့်လည်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၂၀ ဘီလီယံကို SME လုပ်ငန်းပေါင်း ၁၈၀ ကျော်အား ထုတ်ချေးမည်ဟု သိရပါသည်။ သို့ရာတွင် အရင်းအနှီး ရရှိနိုင်ရေး ခက်ခဲခြင်း၊ ခေတ်မီ နည်းပညာ ရရှိနိုင်ရန် ခက်ခဲခြင်းနှင့် ဈေးကွက် ထိုးဖောက်နိုင်ရေး ခက်ခဲခြင်း အစရှိသော SME နှင့် ပတ်သက်သည့် ပြဿနာရပ်များလည်း ရှိနေဆဲဖြစ်ပါသည်။

အေအီးစီ အကောင်အထည် ပေါ်လာသည့်အခါ အခွင့်အရေးနှင့် စိန်ခေါ်မှု နှစ်မျိုးစလုံးကို ကြုံတွေ့ ကြရမည် ဖြစ်သည်။ အခွင့်အရေးများကို အရယူနိုင်ရန်အတွက် အစိုးရကဏ္ဍတွင် အရေးကြီး သကဲ့သို့ပင် ပုဂ္ဂလိက ကဏ္ဍနှင့် တစ်ဦး တစ်ယောက်ချင်းမှလည်း ကြိုးပမ်းလုပ်ဆောင်ရန် အလွန်အရေးကြီး ပါသည်။ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အေအီးစီ အခွင့်အရေးများကို အရယူနိုင်ရေးအတွက် သမ၀ါယမများ၊ ကျွမ်းကျင် ပညာရှင် အသင်းများ၊ အရပ်ဖက် အဖွဲ့အစည်းအများ အစရှိသဖြင့် တူရာတူရာ အစုအဖွဲ့များ ဖွဲ့စည်းပြီး စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းကာ အခွင့်အရေးများကို အရယူနိုင်ရေး ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ မိမိတို့ မြန်မာနိုင်ငံရှိ SME များမှာ အင်အား မနည်းကြပေ။ သို့ရာတွင် ပထမအဆင့်အနေဖြင့် အေအီးစီ အကြောင်း အသိပညာ ဗဟုသုတများ ရရှိရန် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ ပါရမီ စားပွဲဝိုင်း အဖွဲ့အနေဖြင့် အေအီးစီအကြောင်း အသိပညာ ပေးနိုင်ရန် လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား၊ ဆင်းရဲချမ်းသာ လူတန်းစားမရွေးဘဲ မြန်မာပြည် တ၀ှမ်းရှိ ပြည်သူများအား အသိပညာ ပေးလျက်ရှိပါသည်။

အာဆီယံ ပေါင်းစည်းမှု အောင်မြင်ရေးအတွက် အာဆီယံ SME များ ကျယ်ကျယ် ပြန့်ပြန့်နှင့် စဉ်ဆက်မပြတ် အောင်မြင်မှုရရန် အလွန်အရေးကြီးပါသည်။ သို့ရာတွင် အာဆီယံ SME များ တိုးတက်ရန်မှာ လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ။ မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ နိုင်ငံအများစုတွင် SME များ တိုးတက်ရန်အတွက် ကဏ္ဍအသီးအသီးမှ ကြိုးပမ်းနေဆဲ ဖြစ်သည့်အပြင် ပိုမိုကြိုးပမ်းရန် လိုအပ်လျက် ရှိနေဆဲပင် ဖြစ်ပါသည်။

ပါရမီစားပွဲဝိုင်းအဖွဲ့



မှီငြမ်းကိုးကား
1) AEC Perspectives Volume 1, Issues 1, July 2013, Yangon, Myanmar
2) Beyond AEC 2015: Policy Recommendations for ASEAN SME Competitiveness, August 2014, Singapore
3) ASEAN SME Policy Index 2014, 2004, ERIA, Jakarta

Copyright © AEC Myanmar. All rights reserved 2012.