All News

Local News

၂၁ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲထုတ်ပြန်ကြေငြာချက်

Yangon 20 November 2018

(၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှ အာဆီယံဥက္ကဌ၏ ထုတ်ပြန်ကြေညာချက်

Yangon 19 November 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

Yangon 16 November 2018

၂၀၁၇ ခုနှစ်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏အဓိက ကိန်းဂဏန်းများ

Yangon 15 November 2018

ကုန်သွယ်မှု ပိုမို အဆင်ပြေချောမွေ့လျက်ရှိသော အာဆီယံ

Yangon 06 November 2018

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ NHK သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခြင်း

Yangon 06 November 2018

အာဆီယံစီးပွားရေးအသိုက်အ၀န်း (၂၀၁၅) ဖော်ဆောင်ခြင်းနှင့် မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

Yangon 26 October 2018


Asean News

အာဆီယံအကြောင်းသိရှိရမည့်အချက် ၉ ချက်

05 May 2015, Malaysia
၁) အာဆီယံဆိုသည်မှာ အဘယ်နည်း

အာဆီယံဆိုသည်မှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း ဖြစ်ပါသည်။ ၎င်းအသင်းကို စတင်တည်ထောင်သည့် နိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အာဆီယံကြေညာချက်ကို ၁၉၆၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ လက်မှတ်ရေးထိုးပြီးနောက် စတင်တည်ထောင်ခဲ့သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအပြင် ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့မှ အဖွဲ့ဝင်နိုင်ငံများအဖြစ် ၀င်ရောက် ခဲ့ကြသည်။

၂) အာဆီယံထိပ်သီး ဆွေးနွေးပွဲကို ဘယ်လောက်ကြာလျှင် တစ်ကြိမ်ကျင်းပသနည်း

အာဆီယံထိပ်သီး ဆွေးနွေးပွဲကို အရှေ့တောင်အာရှ နိုင်ငံများ၏ လက်ရှိစီးပွားရေးနှင့် ယဉ်ကျေးမှုကိစ္စရပ်များကို ဆွေးနွေးရန် အဖွဲ့ဝင်နိုင်ငံများမှ နှစ်စဉ်ပုံမှန် အစည်းအဝေးခေါ်ယူ ကျင်းပပါသည်။ ယခုနှစ် ထိပ်သီးဆွေးနွေးပွဲကို ကွာလာလမ်ပူနှင့် လန်ကာဝီတို့တွင် ဧပြီ ၂၆ မှ ၂၇ အထိ ကျင်းပခဲ့ပါသည်။ မလေးရှားနိုင်ငံသည် ၂၀၀၅ ခုနှစ်နှင့် ၁၉၇၇ ခုနှစ်များတွင် နှစ်စဉ် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် နှစ်ကြိမ်လက်ခံ ကျင်းပခဲ့ပါသည်။

၃) အာဆီယံအတွက် ၂၀၁၅ ခုနှစ်က ဘာကြောင့်အရေးပါသနည်း

စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှုစသည့်နယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကတိက၀တ်ပြုခဲ့သည့် နှစ်ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဥရောပသမဂ္ဂ လုပ်ဆောင်သည့် ပုံစံအတိုင်း အာဆီယံအနေဖြင့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြသည်။ အာဆီယံ အသိုက်အ၀န်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးထားပြီး ကြေညာမည်ဟု မျှော်မှန်းသည်။ (တစ်ခုတည်းသော ငွေကြေးမဖြစ်သေးသော်လည်း)

၎) အာဆီယံ အသိုက်အ၀န်းဆိုသည်မှာ အဘယ်နည်း

AC 15 ဟု လည်းခေါ်ဝေါ်သည့် အာဆီယံ အသိုက်အ၀န်းတွင် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အ၀န်း၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်းနှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အ၀န်း အစရှိသော အဓိကမဏ္ဍိုင်ကြီး ၃ ခုပါဝင်ပြီး တစ်ခုချင်းစီတွင် လမ်းပြမြေပုံ အသီးသီးစီ ပါရှိပါသည်။ အသိုက်အ၀န်း တည်ထောင်မှု ကနဦး လုပ်ဆောင်မှုများမှ နိုင်ငံများအကြား စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရန်နှင့် ကုန်စည်နှင့် ၀န်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းနိုင်ရေးကဲ့သို့သော စီးပွားရေး ကနဦး လုပ်ဆောင်ချက်များအထိ AC15 ၏ ကတိက၀တ်များ အောင်မြင်ရန် အာဆီယံ တစ်နိုင်ငံချင်းစီမှ ကတိပြုခဲ့ကြသည်။

၅) အာဆီယံ၏ အခြေခံကျသည့် မူဝါဒ စည်းမျဉ်းများမှာ အဘယ်နည်း

အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အရှေ့တောင်အာရှ ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရေးစာချုပ်ရှိ အခြေခံကျသည့် မူဝါဒစည်းမျဉ်း ၆ ခုကို ချမှတ်ခဲ့ကြပါသည်။ ၎င်းတို့မှာ- နိုင်ငံတိုင်း၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တန်းတူညီမျှရှိမှု၊ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးဆိုင်ရာ ကိုယ်ပိုင်လက္ခဏာရှိမှုတို့ကို အပြန်အလှန် လေးစားရန်၊ နိုင်ငံတိုင်းတွင် ပြင်ပမှ ၀င်ရောက်စွက်ဖက်မှု ၊ တွန်းအားပေး အကြပ်ကိုင်မှု ကင်းရေးအတွက် ကိုယ်ပိုင် အမျိုးသားရေး ရပ်တည်ချက်ကို ဦးဆောင် လုပ်ကိုင်နိုင်သည့် အခွင့်အရေးရှိရန်၊ တစ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စရပ်များတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုရန်၊ ပဋိပက္ခများ (သို့မဟုတ်) မတူညီမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန်၊ အင်အားသုံး ဖြေရှင်းခြင်း (သို့မဟုတ်) ခြိမ်းခြောက်မှုများကို စွန့်လွှတ်ရန်နှင့် နိုင်ငံများအကြား ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

၆) ထိပ်သီး အစည်းအဝေးပွဲ၏ ပုံမှန်အစီအစဉ်များမှာ အဘယ်နည်း

ထိပ်သီး ဆွေးနွေးပွဲများကို အာဆီယံ ခေါင်းဆောင်များအနေဖြင့် အဖွဲ့အစည်းအတွင်း ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် စတင်ကျင်းပသည်။ ထို့နောက် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အာဆီယံ ဒေသတွင်းဖိုရမ်၏ နိုင်ငံခြားဝန်ကြီးများ၏ အစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။ နောက်ဆုံးတွင် အာဆီယံ ခေါင်းဆောင်များသည် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန် အစရှိသော ၁၀နိုင်ငံ၏ မဟာမိတ်ခေါင်းဆောင်များနှင့် အစည်းအဝေးကို ကျင်းပသည်။ ၂၀၁၅ ခုနှစ် အာဆီယံ ဥက္ကဌအဖြစ် မလေးရှားသည် အာဆီယံ အသိုက်အ၀န်း လမ်းပြမြေပုံကို အပြီးသတ် မဟာဗျူဟာကျ ရေးဆွဲခဲ့ပြီး ၂၀၁၅ အလွန် အာဆီယံ အသိုက်အ၀န်း အမြင်ကိုလည်း ထပ်မံဆွေးနွေးခဲ့ကြပါသည်။

၇) ယခုနှစ် ထိပ်သီးဆွေးနွေးပွဲအောင်မြင်မှုမှာ အဘယ်နည်း

ယခုနှစ်တွင် အာဆီယံ၏လုပ်ဆောင်ချက်များတွင် လူမှုအဖွဲကအစည်း၏ အခန်းကဏ္ဍ တိုင်းတွင် ပါဝင်ရန်နှင့် ပြည်သူများအကြားနီးကပ်မှုရှိစေရေးလှုပ်ရှားမှုအဖြစ် ပြည်သူ့ အခြေပြု၊ ပြည်သူ့ဗဟိုပြုအာဆီယံဆိုင်ရာ ပြည်သူကွာလာလမ်ပူကြေညာချက်၊ အာဆီယံနိုင်ငံများအကြား ငြိမ်းချမ်းရေးနှင့် ညီညွတ်မျှတမှုရှိစေရေးတိုးမြှင့်ရန် ကနဦးလုပ်ဆောင်ချက်အဖြစ် ညီညွတ်မျှတမှု ရှိစေရေးကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု လန်ကာဝီကြေညာချက်နှင့် သဘာဝဘေးအန္တရာယ်များ ထိခိုက်ခံရသည့်နိုင်ငံများကို ကူညီရန် အားပေးမှုအဖြစ် သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့အတွက် ပြည်သူများနှင့် အာဆီယံနှင့် အသိုက်အ၀န်းများ၏ တွန်းလှန်နိုင်မှု အဖွဲ့အစည်းဆိုင်ရာကြေညာချက်တို့ဖြစ်ပါသည်။

၈) ထိပ်သီးဆွေးနွေးပွဲတွင် မည်သည့်အကြောင်းအရာများကို ထပ်မံဆွေးနွေးကြသနည်း

တောင်တရုတ်ပင်လယ်ရှိ Spratly Islands ကိုတရုတ်၏တောင်းဆိုမှုသည် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်နှင့် မလေးရှားတို့၏နယ်နိမိတ်များအပေါ် သက်ရောက်မှုရှိသည်။ ယင်းနယ်မြေ တင်းမာမှုကို ဖြေရှင်းရာတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းရန် တိုက်တွန်း ခဲ့သည်။ အခြားသော ဆွေးနွေးသည့်ခေါင်းစဉ်များမှာ အကြမ်းဖက်မှု၏ အန္တရာယ်များ၊ မလေးရှားနှင့် စင်္ကာပူတို့က ထောက်ခံထားသော အာဆီယံနိုင်ငံများအားလုံး အချိန်တူညီမှု ရှိစေရေး (ယခုလောလောဆယ် မဖြစ်နိုင်သေး ) စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါ သည်။

၉) အာဆီယံပြည်သူ့ဖိုရမ်ဆိုသည်မှာ အဘယ်နည်း

အာဆီယံလူမှုအဖွဲ့အစည်းညီလာခံ ဟု လူသိများသော အာဆီယံပြည်သူ့ဖိုရမ်သည် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ နှစ်ရက်တွင် ပြီးစီးခဲ့သည်။ ယင်းဖိုရမ်တွင် လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ တက်ကြွစွာလှုပ်ရှားသူများ၊ ပြည်သူများ၏ လှုပ်ရှားမှုများ၊ အစိုးရကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများစုစည်း တက်ရောက် ကြသည်။ ပထမဆုံး အာဆီယံပြည်သူ့ဖိုရမ်ကို ၂၀၀၅ ခုနှစ်တွင် မလေးရှားနိုင်ငံ Shah Alam ရှိ Universiti Teknologi Mara (UITM) ၌ ကျင်းပခဲ့သည်။ ယခုနှစ်ဖိုရမ်ကိုလည်း မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး တက်ရောက်သူများက သေဒဏ်ပေးခြင်း၊ မြေယာပိုင်ဆိုင်ခွင့်နှင့် လူနည်းစုများအား နှိပ်စက်ခြင်းအစရှိသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။


Source: POSKOD.MY(Photo: www.globalnation.inquirer.net)

Copyright © AEC Myanmar. All rights reserved 2012.