All News

Local News

အာဆီယံဆိုင်ရာနှစ်ငါးဆယ် အမေးအဖြေများ

Yangon 06 December 2018

အာဆီယံ - အိန္ဒိယ စီးပွားရေးထူးချွန်ဆု (ASEAN – India Business Excellent Award)ကို ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှရရှိ

Yangon 03 December 2018

မြန်မာနိုင်ငံ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ

Yangon 23 November 2018

၂၁ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲထုတ်ပြန်ကြေငြာချက်

Yangon 20 November 2018

(၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှ အာဆီယံဥက္ကဌ၏ ထုတ်ပြန်ကြေညာချက်

Yangon 19 November 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

Yangon 16 November 2018

၂၀၁၇ ခုနှစ်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏အဓိက ကိန်းဂဏန်းများ

Yangon 15 November 2018


Asean News

၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ

30 June 2015, Yangon

၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက်မှ ၂၇ ရက်အထိ မလေးရှားနိုင်ငံ၊ လန်ကာဝီနှင့် ကွာလာလမ်ပူတွင် ကျင်းပခဲ့ပါသည်။ ယင်းထိပ်သီး ဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန်နှင့်အတူ အာဆီယံ နိုင်ငံ့ခေါင်းဆောင်ကြီးများ တက်ရောက်ခဲ့ကြပါသည်။ ယင်းထိပ်သီး ဆွေးနွေး ပွဲတွင် ကြေညာချက် သုံးစောင်ကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့မှာ-
(က) Kuala Lumpur Declaration on a People- Oriented, People- Centred ASEAN
(ခ) Langkawi Declaration on the Global Movement of Moderates
(ဂ) Declaration on Institutionalising the Resilience of ASEAN and it’s Communities and Peoples to Disasters and Climate Change တို့ ဖြစ်ကြပါသည်။

ထို့ပြင် နောက်နှစ်မှစတင်ပြီး ထိပ်သီးဆွေးနွေးပွဲကို တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပရန်နှင့် အရှေ့ တီမောနိုင်ငံအား လေ့လာသည့် နိုင်ငံအဖြစ်သာ ဆက်လက်ထားရှိရန်လည်း သဘောတူညီခဲ့ပါသည်။ ထို့အပြင် အာဆီယံ ဒေသတွင်းကို ဦးတည်၍ တကမ္ဘာလုံးမှ ခရီးသွားဧည့်သည်များ ပိုမိုများပြားစွာ လာရောက် လည်ပတ်ခြင်းဖြင့် အာဆီယံ နိုင်ငံအားလုံး၏ ခရီးသွားလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် GOASEAN ကို အလှည့်ကျ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံက ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ မလေးရှားနှင့် စင်ကာပူတို့က ထောက်ခံထားသော အာဆီယံ နိုင်ငံများအားလုံး အချိန်တူညီမှု ရှိစေရေး အတွက်မူ သဘောတူညီမှု မရရှိခဲ့ပါ။

တောင်တရုတ် ပင်လယ်ပြဿနာမှာ ဆက်လက် ရှိနေဆဲပင် ဖြစ်ပြီး ယင်းပြဿနာကို အာဆီယံ နိုင်ငံများအနေဖြင့် ညင်ညင်သာသာပင် ပြန်လည် တုန့်ပြန်ခဲ့ပါသည်။ ၂၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲဆိုင်ရာ အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်တွင် တောင်တရုတ် ပင်လယ်နှင့် ပတ်သက်သည့် လုပ်ထုံး လုပ်နည်းများကို ဆွေးနွေးတိုင်ပင်ရာတွင် တိုးတက်မှုများ ရှိလာကြောင်း ဖော်ပြထားပါသည်။ ထို့အပြင် ဆွေးနွေး ညှိနှိုင်းမှုများသည် ပိုမိုအားကောင်းရန် လိုအပ်ပြီး ထိရောက်သော လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်နိုင်ရေးအတွက် မြန်ဆန်ထိရောက်စွာ လုပ်ဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း ဖော်ပြထား ပါသည်။

၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ နိုဝင်ဘာလ ၁၈ ရက်မှ ၂၂ ရက်ထိ ကျင်းပမည် ဟု သိရပါသည်။


(Image Credit to www.gmanetwork.com)

Copyright © AEC Myanmar. All rights reserved 2012.