All News

Local News

ကုန်သွယ်မှု ပိုမို အဆင်ပြေချောမွေ့လျက်ရှိသော အာဆီယံ

Yangon 06 November 2018

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ NHK သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခြင်း

Yangon 06 November 2018

အာဆီယံစီးပွားရေးအသိုက်အ၀န်း (၂၀၁၅) ဖော်ဆောင်ခြင်းနှင့် မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

Yangon 26 October 2018

ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အား အကြီးမားဆုံးဖြစ်လာတော့မည့် အာဆီယံ

Yangon 17 October 2018

တရုတ်-အာဆီယံပြပွဲသို့ သွားရောက်ကြည့်ရှုသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ

Yangon 08 October 2018

အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး (AEM )မှ သတင်းအချက်အလက်

Yangon 18 September 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Vietnam 17 September 2018


Asean News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ASEAN သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်

22 November 2017, Philippine

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၄ ရက် ဒေသစံတော်ချိန် (၁၈၁၅) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ကျင်းပသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ASEAN သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အာဆီယံ(၁၀)နိုင်ငံမှ နိုင်ငံ့အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ စီးပွားရေး ဝန်ကြီးများ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးများ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဂျကာတာမြို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။



Sources: Ministry of Foreign Affairs

Copyright © AEC Myanmar. All rights reserved 2012.