All News

Local News

၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှ အာဆီယံဥက္ကဌ၏ သတင်းထုတ်ပြန်ချက်

Philippine 01 December 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ

Philippine 24 November 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ASEAN သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်

Philippine 22 November 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံနိုင်ငံ အကြီးအကဲများနှင့် အာဆီယံ စီးပွားရေး အကြံပေးကောင်စီ တွေ့ဆုံပွဲသို့ တက်ရောက်

Philippine 21 November 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

Philippine 20 November 2017

အာဆီယံဆိုင်ရာ နှစ်ငါးဆယ် အမေးအဖြေများ

Yangon 20 November 2017

အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး(ABIS) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

Philippine 16 November 2017


Asean News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ

24 November 2017, Philippine

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် နိုဝင်ဘာလ ၁၄ ရက်၊ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် Philippines International Convention Center (PICC) ရှိ ဧည့်ခန်းမ၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး၊ ရန်ကုန် - မန္တလေး ရထားလမ်း ဖောက်လုပ်ရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ၀င်ငွေတိုးတက်ရေး၊ သေးစားနှင့် အလတ်စား ချေးငွေပေးရေး၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ ပေးရေးအတွက် ဂျပန်ယန်းငွေ ၁ ဒဿမ ၂ ဘီလီယံ အကူအညီပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များကို ထောက်ခံ အကူအညီပေးသွားမည့် ကိစ္စ၊ ကားလမ်းဖောက်လုပ်ရန်နှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် ဂျပန်ယန်းငွေ ၁ ဒဿမ ၅ ဘီလီယံ ထောက်ပံ့ပေးရေး ကိစ္စ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။



Sources: State Counsellor Office

Copyright © AEC Myanmar. All rights reserved 2012.