All News

Local News


Asean News

လွတ်လပ်သောအာရှအသံ (RFA) မှ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SMEs) များနှင့် ပတ်သက်ပြီး ပါရမီစကားဝိုင်းအဖွဲ့ကို လာရောက်တွေ့ဆုံ မေးမြန်း

20 December 2017, Yangon

ပါရမီစကားဝိုင်းအဖွဲ့မှ ဥက္ကဌ ဦးတင်ချိုအား ယနေ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လွတ်လပ်သော အာရှအသံ (RFA) မှ သတင်းထောက် မဝေယံမိုးမြင့်က မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ (SMEs) များနှင့် ပတ်သက်ပြီး လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ယင်းသို့မေးမြန်းရာတွင် မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ (SMEs)များ၏ အခြေအနေ၊ အစိုးရ၏ ချေးငွေအစီအစဉ်နှင့် အခြားပံ့ပိုးမှုများ၊ အားနည်းချက်များ၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (AEC) ၏ မြန်မာ့ SMEs များအပေါ် ရိုက်ခတ်မှုနှင့် မြန်မာနိုင်ငံ စီးပွားရေးအပေါ် အမြင်များကို မေးမြန်းခဲ့ပါသည်။ ယင်းတွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလဆန်းပိုင်းတွင် မိမိတို့ ပါရမီစကားဝိုင်းအဖွဲ့၏ ၀က်ဘ်ဆိုက်နှင့် ဖေ့ဘုတ် စာမျက်နှာတို့တွင် ဖော်ပြပေးမည်ဖြစ်ပါကြောင်း လေးစားစွာ သတင်းကောင်းပါးအပ်ပါသည်။

Copyright © AEC Myanmar. All rights reserved 2012.