All News

Local News


Asean News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ၏ သီးသန့် အစည်းအဝေးသို့တက်ရောက်

30 January 2018, Yangon

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲ များနှင့် အတူ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်၌ ကျင်းပသည့် အိန္ဒိယ သမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ၏ သီးသန့် အစည်းအဝေးသို့ တက်ရောက်သည်။

ယင်းအစည်းအဝေးတွင် “ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေး ဘာသာ ရပ်” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ- အိန္ဒိယ ရေကြောင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သဘောထား အမြင်နှင့် မြန်မာနိုင်ငံတွင် ရေကြောင်းကဏ္ဍပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံမှ ကြိုးပမ်း ဆောင်ရွက် နေမှုများကို ဆွေးနွေးခဲ့သည်။



Sources: State Counsellor Office

Copyright © AEC Myanmar. All rights reserved 2012.