All News

Local News

အာဆီယံ စီးပွားရေးအသိုက်အ၀န်း (အေအီးစီ)ဆိုင်ရာ ၀က်ဘ်ဆိုက်များ

Yangon 02 February 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရင်ဒရာမိုဒီ တွေ့ဆုံ

Yangon 01 February 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရမ်နက်သ်ကိုဗင့်ဒ် တွေ့ဆုံ

Yangon 31 January 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ၏ သီးသန့် အစည်းအဝေးသို့တက်ရောက်

Yangon 30 January 2018

အာဆီယံ - အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၏ (Delhi Declaration) ဒေလီကြေညာချက်

Yangon 29 January 2018

အာဆီယံ စီးပွားရေး အသိုက်အ၀န်း (အေအီးစီ) AEC- 2025 အလုပ်ရုံဆွေးနွေးပွဲ မှတ်တမ်းအကျဉ်းချုပ်

Nay Pyi Taw 23 January 2018

အာဆီယံ ၁၀ နိုင်ငံနှင့် ပတ်သက်သည့် အချက်အလက်များ (2017 updated)

Yangon 12 January 2018


Asean News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရမ်နက်သ်ကိုဗင့်ဒ် တွေ့ဆုံ

31 January 2018, Yangon

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၇ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတမစ္စတာရမ် နက်သ်ကိုဗင့်ဒ်အား နယူးဒေလီမြို့ရှိ သမ္မတ အိမ်တော် (Rashtrapati Bhavan)၌ သွားရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင် ရွက်နေသည့် လမ်းပန်း ဆက်သွယ်မှု အခြေခံအဆောက်အအုံ စီမံကိန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေးကိစ္စ၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ပါဝင်ကူညီရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကြိုးပမ်းမှုလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အိန္ဒိယသမ္မတနိုင်ငံ သမ္မတ အနေဖြင့် အဆင်ပြေသည့်အချိန်တွင် မြန်မာ နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။



Sources: State Counsellor Office

Copyright © AEC Myanmar. All rights reserved 2012.