All News

Local News


Asean News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရင်ဒရာမိုဒီ တွေ့ဆုံ

01 February 2018, Yangon

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရင်ဒရာမိုဒီတို့သည် ဇန်န၀ါရီလ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၇ နာရီခွဲတွင် နယူးဒေလီမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ (Hyderabad House)၌ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မပြီးပြတ်သေးသော နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေး ကိစ္စရပ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ နယ်စပ် ဖြတ်ကျော် အကြမ်းဖက်မှုများအား နှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ဖွင့်လှစ်၍ နှစ်ဖက်ဒေသ ပြည်သူများ အပြန်အလှန် ကူးသန်းသွားလာနိုင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ အကူအညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်ဧည့်ဂေဟာ (Hyderabad House) ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။



Sources: State Counsellor Office

Copyright © AEC Myanmar. All rights reserved 2012.