All News

Local News

ကမ္ဘာ့စတုတ္ထမြောက် စီးပွားရေးအင်အား အကြီးမားဆုံးဖြစ်လာတော့မည့် အာဆီယံ

Yangon 17 October 2018

တရုတ်-အာဆီယံပြပွဲသို့ သွားရောက်ကြည့်ရှုသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ

Yangon 08 October 2018

အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး (AEM )မှ သတင်းအချက်အလက်

Yangon 18 September 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Vietnam 17 September 2018

အာဆီယံ စီးပွားရေးပေါင်းစည်းမှု အကျဉ်းချုပ်

Yangon 07 September 2018

13th International Burma Studies Conference တွင်ပါရမီစကားဝိုင်းအဖွဲ့မှ စီးပွားရေးပညာရှင် ဒေါက်တာမျိုးသန့် မှ Snapshot of the Myanmar Economy ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခြင်း

Yangon 06 August 2018

အကြိမ် (၇၁) မြောက် အာဇာနည်နေ့ကို ဦးညွှတ်ခြင်း

Yangon 18 July 2018


Asean News

အာဆီယံ စီးပွားရေးအသိုက်အ၀န်း (AEC)နှင့် ပတ်သက်၍ သိထားသင့်သော အချက် (၁၂)ချက်

09 February 2018, Yangon

ကမ္ဘာပေါ်တွင် အကြီးဆုံးစီးပွားရေးဒေသနှင့် ဈေးကွက်တစ်ခုဖြစ်လာရန် အလားအလာရှိပြီး ကုန်စည်၊ ၀န်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်သားတို့အတွက် တစ်ခုတည်းသောဈေးကွက်ကို (၂၀၁၅)ခုနှစ်ရောက်ချိန်တွင် စတင်နိုင်ရန် အရှေ့တောင်အာရှ (၁၀)နိုင်ငံတို့က စီစဉ်ထားကြသည်။

အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC)နှင့်ပတ်သက်၍ သိထားသင့်သော အချက် (၁၂)ချက်ကို တင်ပြပေးထားပါသည်။
(၁)- (၂၀၁၅)တွင် အာဆီယံစီးပွားရေးအသိုက်အ၀န်းကို ဖော်ဆောင်နိုင်ရန်နှင့် ဒေသအတွင်း၌ ကုန်စည်၊ ၀န်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားနှင့် မတည်ရင်းနှီးမှုများ လွတ်လပ်စွာ ရွှေ့ပြောင်းစီးဆင်းနိုင်သော တစ်ခုတည်းသောဈေးကွက်နှင့် ထုတ်လုပ်မှုအခြေပြုဒေသ ဖြစ်ပေါ်လာရေးအတွက် အစပျိုးလှုပ်ရှားမှုများကို အကောင်အထည်ဖော်နိုင်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အနေဖြင့် အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Source: “နေပြည်တော်ကြေညာစာတမ်း”- (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ- မေလ (၁၁)ရက်၊ (၂၀၁၄)။
(၂)- အာဆီယံသည် စီးပွားရေးဒေသတစ်ခု ဖြစ်လာပါက (၂၀၁၃)တွင် စုစုပေါင်း GDP (၂.၄) ထရီလီယံဖြင့် ကမ္ဘာပေါ်တွင် သတ္တမအကြီးဆုံး ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ တိုးတက်မှုလမ်းကြောင်းများ ဆက်လက်ဖြစ်ပေါ်နေပါက (၂၀၅၀)ရောက်ချိန်တွင် စတုတ္ထအကြီးဆုံး ဖြစ်လာနိုင်ပေသည်။
Source: “အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ”- ADBဧ။် ဒုတိယဥက္ကဌ Stephen Groffက ဂျာမဏီဖယ်ဒရယ်သမ္မတနိုင်ငံ၊ ဘာလင်တွင် ဇွန်လ (၂၃)ရက်နေ့၊ ၂၀၁၄၌ ပြောကြားခဲ့သောမိန့်ခွန်း။
(၃)- လူဦးရေ သန်း(၆၀၀)ကျော်ရှိသော အာဆီယံဧ။် အလားအလာရှိသည့်ဈေးကွက်သည် ဥရောပသမဂ္ဂ (သို့မဟုတ်) မြောက်အမေရိကတို့ထက် ပိုမိုကြီးမားသည်။ တရုတ်နှင့်အိန္ဒိယတို့ပြီးလျှင် အာဆီယံသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး လုပ်သားအင်အားကို ပိုင်ဆိုင်ထားသည်။
Source: “အာဆီယံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ”- ADBဧ။် ဒုတိယဥက္ကဌ Stephen Groffက ဇွန်လ (၂၃)ရက်နေ့၊ (၂၀၁၄)တွင် ဂျာမဏီဖယ်ဒရယ်သမ္မတနိုင်ငံ၊ ဘာလင်၌ ပြောကြားခဲ့သောမိန့်ခွန်း။
(၄)- အာဆီယံသည် ကမ္ဘာပေါ်တွင် အပွင့်လင်းဆုံး စီးပွားရေးဒေသတစ်ခုဖြစ်ပြီး စုစုပေါင်း ကုန်စည်တင်ပို့မှုတန်ဖိုးသည် ဒေါ်လာ (၁.၂) ထရီလီယံကျော်ရှိသည်။ ထိုပမာဏသည် အာဆီယံဒေသ စုစုပေါင်း GDPဧ။် (၅၄%)နီးပါးရှိပြီး ကမ္ဘာ့ပို့ကုန်ဧ။် (၇%)ရှိသည်။
Source: “ADBဧ။် စာစောင်”- အာဆီယံ (၂၀၃၀): နယ်စည်းမခြားသော စီးပွားရေးအသိုက်အ၀န်းဆီသို့။
(၅)- နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ရည်ရွယ်ချက်များကို အဓိကထား၍ (၁၉၆၇)တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော အာဆီယံသည် ယခုအချိန်တွင် ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုသော ဒေသဆိုင်ရာ အောင်မြင်မှုပြရုပ်တစ်ခုဖြစ်သည်။
Source: “ADBဧ။်စာစောင်”- အာဆီယံ (၂၀၃၀): နယ်စည်းမခြားသော စီးပွားရေးအသိုက်အ၀န်းဆီသို့။
(၆)- အာဆီယံ နှစ်(၄၀)ပြည့်သော (၂၀၀၇)တွင် အာဆီယံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အ၀န်းဆိုင်ရာစီမံကိန်းကို အတည်ပြုပြဌာန်းခဲ့သည်။ ထိုစီမံကိန်းအနေဖြင့် သတ်မှတ်ပြီးမြောက်ကာလကို (၂၀၂၀)မှ (၂၀၁၅)သို့ ရှေ့တိုးခဲ့သည်။
Source: “အာဆီယံစီးပွားရေးအသိုက်အ၀န်းစီမံကိန်းဆိုင်ရာ ကြေညာစာတမ်း”- စင်ကာပူ၊ နိုဝင်ဘာ (၂၀) (၂၀၀၇)။
(၇)- အာဆီယံစီးပွားရေးအသိုက်အ၀န်းကို မဏ္ဍိုင်ကြီး (၄)ရပ်ဖြင့် သတ်မှတ်သည်။
* တစ်ခုတည်းသောဈေးကွက်နှင့် ထုတ်လုပ်မှုအခြေပြုဒေသ ဖန်တီးဖော်ဆောင်ခြင်း။
* ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ခြင်း။
* သာတူညီမျှဖြစ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း။
* အာဆီယံကို ကမ္ဘာ့စီးပွားရေးနှင့် ပိုမိုပေါင်းစည်းခြင်း။
Source: “အာဆီယံစီးပွားရေးအသိုက်အ၀န်းစီမံကိန်းဆိုင်ရာ ကြေညာစာတမ်း”- စင်ကာပူ၊ နိုဝင်ဘာ (၂၀) (၂၀၀၇)။
(၈)- (၂၀၀၇) နိုဝင်ဘာလတွင် အာဆီယံခေါင်းဆောင်များသည် အာဆီယံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာမူဘောင်နှင့် လုပ်ငန်းစဉ် (၂၀၀၉-၁၅)အတွက် ဦးဆောင်လှုပ်ရှားမှုအစီအစဉ်ကိုလည်း အတည်ပြုလက်ခံခဲ့ကြသည်။ ၄င်းသည် အာဆီယံ (၆)ဟု သိကြသော၊ သက်တမ်းပိုရင့်၍ စီးပွားရေးအရ ပိုရှေ့ကျသည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် အဖွဲ့ဝင်သစ် (၄)နိုင်ငံဖြစ်သော ကမ္ဘောဒီးယား (၁၉၉၉)၊ လာအို (၁၉၉၇)၊ မြန်မာ (၁၉၉၇)၊ ဗီယက်နမ် (၁၉၉၅)တို့ကြား “ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကွာဟနေမှု”ကို ပေါင်းကူးပေးရန် ရည်ရွယ်သည်။
Source: “ADB၏ စာစောင်”- အာဆီယံစီးပွားရေးအသိုက်အ၀န်း : ဖော်ဆောင်နေဆဲ လုပ်ငန်းစဉ်တစ်ရပ်။
(၉)- (၂၀၁၃) အောက်တိုဘာလအထိ အာဆီယံစီးပွားရေးအသိုက်အ၀န်းစီမံကိန်း၏ အစီအမံပေါင်း (၂၇၉)ခု၊ (၇၉.၇%)ကို ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။
Source: “(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲမှ သဘာပတိ၏ ကြေညာချက်”- ဘန်ဒါစရီဘီဂါဝန်၊ ဘရူနိုင်း။ အောက်တိုဘာ (၉)၊ (၂၀၁၃)။
(၁၀)- အာဆီယံ၏ လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အရ ထိရောက်သော အထူးကုန်သွယ်ခွန်ဆိုင်ရာ ဘုံအစီအစဉ်အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ (၆)သို့ ၀င်ရောက်လာသော ကုန်စည်များအပေါ် ကုန်သွယ်ခွန်ကောက်ခံမှုနှုန်းထားကို လုံးဝနီးပါး လျှော့ချပေးသည်အထိ လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ကျန်အာဆီယံအဖွဲ့ဝင်သစ် (၄)နိုင်ငံမှာ ၄င်းတို့၏ကုန်သွယ်ခွန်များကိုလျှော့ချကြရန် (၂၀၁၅)အထိ အချိန်ရမည်ဖြစ်သည်။
Source: “ADB၏စာစောင်”- အာဆီယံစီးပွားရေးအသိုက်အ၀န်း : ဖော်ဆောင်နေဆဲ လုပ်ငန်းစဉ်တစ်ရပ်။
(၁၁)- အခွန်အခများ လျှော့ချခြင်းအပိုင်းနှင့် ပြည်တွင်းစီးပွားရေးပြဿနာအချို့ကို ဖြေရှင်းခြင်းအပိုင်းတို့တွင် တိုးတက်မှုများ ရှိလာသော်လည်း အခွန်အခမဟုတ်သည့် အခြားသော တင်းကြပ်မှုများက (၂၀၁၅)တွင် တစ်ခုတည်းသောဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် အဓိကအဟန့်အတားများ ဖြစ်နေသေးသည်။ ဒေသတွင်းတွင် စက်မှုလုပ်ငန်းများ၏ အရေးပါမှု အခန်းကဏ္ဍ တိုးမြင့်လာသော်လည်း ၀န်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေး၌ ဖြေလျှော့ပေးမှုများမှာလည်း နှေးကွေးနေဆဲဖြစ်သည်။
Source: “ADB စာစောင်”- အာဆီယံစီးပွားရေးအသိုက်အ၀န်း : ဖော်ဆောင်နေဆဲ လုပ်ငန်းစဉ်တစ်ရပ်။
(၁၂)- အာဆီယံစီးပွားရေးအသိုက်အ၀န်းကို ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူသင့်ကြောင်း ADB အဖွဲ့၏ လေ့လာမှုတစ်ရပ်က ဖော်ပြထားသည်။ သင့်တော်သောမူဝါဒများဖြင့် ပေါင်းစပ်ဖော်ဆောင်မည်ဆိုပါက အာဆီယံအနေဖြင့် (၂၀၃၀)ရောက်ချိန်တွင် တစ်ဦးချင်းပျမ်းမျှဝင်ငွေသည် သုံးဆအထိ တိုးလာနိုင်ပြီး အာဆီယံပြည်သူများ၏ ဘ၀အရည်အသွေးကိုလည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဖွဲ့ (OECD)၏ အဖွဲ့ဝင်များ ယနေ့ရရှိခံစားနေကြသော ဘ၀အရည်အသွေးအဆင့်အထိ တိုးမြှင့်ပေးနိုင်လိမ့်မည်ဖြစ်သည်။


Sources:Thailand Business Newsမှ ကောက်နုတ်ပြန်ဆိုပါသည်။

ပြန်ဆိုသူ: အေးချမ်းအောင် (Alice)

Copyright © AEC Myanmar. All rights reserved 2012.