All News

Local News


Asean News

ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် ကျင်းပသည့် အေအီးစီ အလုပ်ရုံဆွေးနွေးပွဲ

28 February 2018, Yangon Economic University

ပါရမီစကားဝိုင်းအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ နီလာရတုခန်းမ၌ "Opportunities and Challenges of SMEs" ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန၀န်ကြီး ဦးမြင့်သောင်း တက်ရောက်ကာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးကလည်း ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပြီး မော်ကွန်းထိန်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၄၀ ကျော် တက်ရောက်ခဲ့ပါသည်။

ဆက်လက်ပြီး အစုအဖွဲ့အလိုက် ၀ိုင်းဖွဲ့ဆွေးနွေးရာတွင် ပါရမီစကားဝိုင်းအဖွဲ့မှ ဥက္ကဌ ဦးတင်ချိုက Moderator အဖြစ်ဆောင်ရွက်ပြီး SME Department Center မှ ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေဇင်ထွန်း၊ ပါရမီစကားဝိုင်းအဖွဲ့မှ ဦးဇော်သန်း၊ SMEs လုပ်ငန်းများဖွံ့ဖြိုးရေး ကော်မတီဝင် ဒေါက်တာဇေယျာညွန့်၊ PS Business School ၏ Founder ဖြစ်သူ ဦးမျိုးမင်း တို့က Opportunities and Challenges of SMEs ခေါင်းစဉ်ဖြင့် ၀ိုင်းဖွဲ့ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း အစီအစဉ်တွင်လည်း တက်ရောက်လာသူများက မေးခွန်းများကို စိတ်ဝင်တစားမေးမြန်းဆွေးနွေးခဲ့ကြပါသည်။

Copyright © AEC Myanmar. All rights reserved 2012.