All News

Local News

Hi!.. We are S4BL3N6!!!

MYANMAR FUCK!!! 18 September 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ဖွင့်ပွဲနှင့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Vietnam 17 September 2018

အာဆီယံ စီးပွားရေးပေါင်းစည်းမှု အကျဉ်းချုပ်

Yangon 07 September 2018

13th International Burma Studies Conference တွင်ပါရမီစကားဝိုင်းအဖွဲ့မှ စီးပွားရေးပညာရှင် ဒေါက်တာမျိုးသန့် မှ Snapshot of the Myanmar Economy ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခြင်း

Yangon 06 August 2018

အကြိမ် (၇၁) မြောက် အာဇာနည်နေ့ကို ဦးညွှတ်ခြင်း

Yangon 18 July 2018

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ACMECS CEO Forum တွင် မိန့်ခွန်းပြောကြားခြင်း

Yangon 03 July 2018

၈ ကြိမ်မြောက် ဧရာဝတီ ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးဆွေးနွေးပွဲ ဘန်ကောက် ကြေညာစာတမ်း

Yangon 28 June 2018


Asean News

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ကျင်းပသည့် ၂၆ ကြိမ်မြောက် အေအီးစီ အလုပ်ရုံဆွေးနွေးပွဲ

28 February 2018, Myanmar Engineering Society

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ပါရမီစကားဝိုင်းအဖွဲ့တို့ ပူးပေါင်းကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ အစည်းအဝေးခန်းမတွင် " The Changing Myanmar Economy and the Development of a Modern Transport System" ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့ပါသည်။ ယင်းသို့ကျင်းပရာတွင် ပါရမီစကားဝိုင်းအဖွဲ့မှ Chief Economist ဒေါက်တာမျိုးသန့်က " The Changing Myanmar Economy and the Development of a Modern Transport System ဆွေးနွေးတင်ပြခဲ့ရာ အင်ဂျင်နီယာ အသင်းသူအသင်းသား ၇၈ ဦး တက်ရောက်ခဲ့ကြပါ သည်။

အလုပ်ရုံဆွေးနွေးပွဲသို့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဌ ဦးအောင်မြင့် ကိုယ်တိုင်တက်ရောက်ကာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများအကြား ချိတ်ဆက်မှုများနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့အပြင် ပါရမီစကားဝိုင်းအဖွဲ့မှ ဦးတင်ချိုက လွန်ခဲ့သည့် ၅ နှစ်ကျော်ကတည်းက စတင်ခဲ့သော ပါရမီစကားဝိုင်းအဖွဲ့၏ လုပ်ဆောင်ချက်များ အကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ကျော် ကတည်းက ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးစနစ်မှာ အံသြဖွယ်ရာ ပြောင်းလဲလာ ခဲ့ပါသည်။ အဓိက ပြောင်းလဲလာမှုမှာ ပင်လယ်ရေကြောင်း ကုန်စည်သယ်ဆောင်မှု ကုန်ကျစရိတ် လျော့ချရာတွင် အဓိက အခန်းကဏ္ဍအဖြစ် ၁၉၅၀ ခုနှစ်နှောင်းပိုင်း ကာလများတွင် ကုန်စည် သေတ္တာများ (Containers )ကို စတင် အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။ နည်းပညာ တိုးတက်မှုများကို ပေါင်းစပ်ပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် လျှော့ချခြင်းသည် ပိုမိုမြန်ဆန်သော၊ ဈေးသက်သာသော၊ ယုံကြည်စိတ်ချရပြီး ကုန်စည်အပျက်အစီး လျော့နည်းစေသော ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှု ကွင်းဆက်ကို ဖြစ်စေနိုင်သည်ဟု ဒေါက်တာမျိုးသန့်က ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့အပြင် မြန်မာ့စီးပွားရေးသည် လွန်ခဲ့သော နှစ်ပေါင်း (၆၀) ကျော်က မည်သို့ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာသည်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ၁၉၆၅ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အကြား ရှည်လျားသော ကာလအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အနည်းငယ်သာ ရှိခဲ့ရာမှ ပို့ကုန်၊ သွင်းကုန် တိုးတက်မှုရှိပြီး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ထူးထူးခြားခြား တိုးတက်လျှက် ပြီးခဲ့သည့် ငါးနှစ်ခန့်တွင် အရှိန်အဟုန်ဖြင့် စီးပွားရေး တိုးတက်မှု ရှိခဲ့သည်။

ကာလတိုနှင့် ကာလလတ်တွင် အလျှင်အမြန် တိုးတက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်၏ တစိတ်တဒေသအဖြစ် စိုက်ပျိုးရေးနှင့်ဆိုင်သော စက်မှုထုတ်ကုန်များ တင်ပို့မှုနှင့် အသေးစား ကုန်ထုတ်ပစ္စည်းများ (အ၀တ်အထည်၊ ဖိနပ်များ၊ အရုပ်များ၊ လျှပ်စစ်ပစ္စည်းများ) တိုးတက်မှုအပေါ် မူတည်သည်။ ယင်းသို့ဖြစ်ပေါ်ရန် ဘက်ပေါင်းစုံ ပေါင်းစည်းထားပြီး ခေတ်မီသော သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး စနစ်များ ဖွံ့ဖြိုးတိုးတက်မှုရှိရန် လိုအပ်သည်။

ခေတ်မီ ထောက်ပံ့ပို့ဆောင်ရေး စနစ်တစ်ခုကို ဖန်တီးရန်အတွက် စတင် ပြုလုပ်ခြင်းသည် (ဥပမာ နိုင်ငံများ၊ အထောက်အပံ့ပေးရေး အဖွဲ့အစည်းများ၊ အတိုင်ပင်ခံများ၊ ကုမ္ပဏီများ အစရှိသည်) နိုင်ငံခြား အဖွဲ့အစည်းများထက် မြန်မာနိုင်ငံနှင့် ပြည်သူများအကြား စီးပွားရေး အကျိုးကျေးဇူးများကို အမြင့်ဆုံး မြှင့်တင်နိုင်သော မဟာဗျူဟာနှင့် အမြင်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ အမြင်တွင် ကဏ္ဍစုံနှင့် စည်းကမ်းမျိုးစုံ ပါဝင်ရမည် ဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကဏ္ဍအကြား၊ အင်ဂျင်နီယာများနှင့် စီးပွားရေးပညာရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှုများဖြင့်သာ ယင်းအမြင်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။ အစိုးရအနေဖြင့် ယင်းအမြင်ကို ဖန်တီးရာတွင် ခေါင်းဆောင်မှု အခန်းကဏ္ဍကို ရယူရမည် ဖြစ်သကဲ့သို့ မတူညီသည့် ၀န်ကြီးဌာနများအကြား ဆက်စပ်သော မူဝါဒများနှင့် လိုအပ်သော လုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင်လည်း ဦးဆောင်ရမည်ဖြစ်သည်။

ထို့အပြင် ကာလတိုနှင့် ကာလလတ်တွင် အကောင်အထည် ဖော်ရန်လိုအပ်သော စီမံကိန်းများစွာကို ဖော်ပြရာတွင် ဒေါက်တာမျိုးသန့်က ပေါ်ပေါက်လာသော ကိစ္စနှစ်ရပ်ကို သတိကြီးစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသားပေး ဖော်ပြခဲ့ပါသည်။ ပထမ အကြောင်းအရာမှာ အဓိက သယ်ယူပို့ဆောင်ရေး စင်္ကြန်များကြောင့် ပေါ်ထွက်လာသော (၁၉၉၀-၂၀၁၂ ခုနှစ် ကာလတွင် ပြီးစီးခဲ့သော သယ်ယူပို့ဆောင်ရေး စီမံကိန်းများကဲ့သို့ပင်) နိုင်ငံတစ်ဝှမ်းရှိ တိုးတက်မှု နယ်ပယ်အသစ်များ ပေါ်ထွက်လာမှုဖြစ်သည်။ တိုးတက်မှု နယ်ပယ်သစ်များသည် စီးပွားရေး တိုးတက်မှု၏ အဓိကနေရာများ ဖြစ်လာမည်ဖြစ်ပြီး အဓိကမြို့တစ်မြို့ သို့မဟုတ် နှစ်မြို့တွင်သာ ရရှိနိုင်မည့် စီးပွားရေး တိုးတက်မှုမျိုး မဟုတ်သည်မှာ သေချာမည်ဖြစ်သည်။

ဒုတိယကိစ္စရပ်မှာ မြန်မာ့ဆိပ်ကမ်း မဟာဗျူဟာ တိုးတက်မှုအပေါ် ဆောလျှင်စွာ အာရုံစိုက်ရန် လိုအပ်ခြင်းပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၏ ၉၇ ရာခိုင်နှုန်းမှာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုမှတဆင့် လုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပိုမိုတိုးတက်မှု ရှိနိုင်ရေးအတွက် ရေကြောင်း သယ်ယူပို့ဆောင်ရေး (ပင်လယ်သမုဒ္ဒရာ၊ ကမ်းရိုးတန်းနှင့် မြစ်ကြောင်း) ပိုမိုတိုးတက်လာမည်ဖြစ်သည်။ အဓိက အရေးပါသော ကိစ္စရပ်မှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဆောလျှင်စွာ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ကျောက်ဖြူဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ စီးပွားရေး၏ အချက်အချာဖြစ်သော ရန်ကုန်အကြား ထိရောက်သော ချိတ်ဆက်မှု (ကမ်းရိုးတမ်း၊ ကားလမ်း၊ ရထားလမ်း)ကို တည်ဆောက်နိုင်ရန်တို့ဖြစ်သည်ဟု ဒေါက်တာမျိုးသန့်က ဆွေးနွေးတင်ပြခဲ့ပါသည်။

Copyright © AEC Myanmar. All rights reserved 2012.