All News

Local News

Hacked by SanSORiugan

Australia 10 May 2018

Hacked by SanSORiugan

Singapore 04 May 2018

Hacked by SanSORiugan

Yangon 12 Apirl 2018

Hacked by SanSORiugan

Yangon 20 March 2018

Hacked by SanSORiugan

Myanmar Engineering Society 28 February 2018

Hacked by SanSORiugan

Yangon Economic University 28 February 2018

Hacked by SanSORiugan

Yangon 09 February 2018


Asean News

Hacked by SanSORiugan

12 Apirl 2018, Yangon

၂၀၁၈ ခုနှစ်၏ ပထမလေးလသည် အာဆီယံအတွက် အလွန် စိတ်လှုပ်ရှားဖွယ်ရာဖြစ်သည်။ ပထမဆုံးအနေဖြင့် အာဆီယံ၏ အထွေထွေအတွင်းရေးမှုးချုပ် အသစ်အဖြစ် ဘရူနိုင်းနိုင်ငံမှ Dato Lim Jock Hoi ကို ရွေးချယ်ခဲ့သည်။ ဒုတိယအနေဖြင့် ယခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဌမှာ အာဆီယံတွင် စီးပွားရေးအရ ဖွံ့ဖြိုးမှုအရှိဆုံးနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံဖြစ်သည်။ ထို့ကြောင့် ယခုနှစ်အတွက် အာဆီယံ၏ ဦးတည်ချက်မှာ ဒီဂျစ်တယ်စီးပွားရေး ဖြစ်သည်။

အာဆီယံသည် အခြားသော ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံမှုများဖြင့် အလုပ်ရှုပ်ခဲ့သည်။ အာဆီယံ-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဇန်န၀ါရီလက ကျင်းပခဲ့ပါသည်။ မတ်လတွင် အာဆီယံ - သြစတြေးလျ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို သြစတြေးလျ၊ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့သည်။ (၁) မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို ဟနွိုင်းတွင်လည်းကောင်း၊ (၂) လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၃) ကမ္ဘောဒီးယား - လာအို - ဗီယက်နမ် တြိဂံဒေသ ဖွံ့ဖြိုးတိုးတက်မှု ဟူသော အာဆီယံနိုင်ငံများအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ပါရမီ စကားဝိုင်းအဖွဲ့အနေဖြင့်လည်း ယခုနှစ် ပထမလေးလတွင် အကျိုးရှိသည့် လုပ်ဆောင်မှုများစွာကို ဆောင်ရွက်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဇန်န၀ါရီလတွင် နေပြည်တော်၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ထို့အပြင် မတ်လတွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ပါရမီ စကားဝိုင်းအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အစည်းဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဌ ဦးအောင်မြင့်က အဖွင့်မိန့်ခွန်း ပြောကြားပြီး ပါရမီ စကားဝိုင်းအဖွဲ့မှ Chief Economist ဒေါက်တာမျိုးသန့်က " The Changing Myanmar Economy and the Development of a Modern Transport System ကို တင်ပြခဲ့သည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် အင်ဂျင်နီယာများအား လမ်း၊ တံတား၊ လေဆိပ်၊ သင်္ဘောဆိပ်များ တည်ဆောက်ရာတွင် စီးပွားရေးရှုထောင့်မှ ကြည့်တတ်ရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြနိုင်ခဲ့သဖြင့် တက်ရောက်လာသူ အများစုက သဘောကျ နှစ်သက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် ပူးပေါင်း၍ စီးပွားရေးတက္ကသိုလ် နီလာရတုခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲကို ကျင်းပခဲ့ရာ ပါရမီစကားဝိုင်းအဖွဲ့မှ ဥက္ကဌ ဦးတင်ချိုက moderator အဖြစ် ဆောင်ရွက်ပြီး SME Department Center မှ ညွှန်ကြားရေးမှူး ဒေါက်တာအိရွှေဇင်ထွန်း၊ ပါရမီ စကားဝိုင်းအဖွဲ့မှ ဦးဇော်သန်း၊ SMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီဝင် ဒေါက်တာဇေယျာညွန့်၊ PS Business School ၏ Founder ဖြစ်သူ ဦးမျိုးမင်း တို့က Opportunities and Challenges of SMEs ခေါင်းစဉ်ဖြင့် ၀ိုင်းဖွဲ့ ဆွေးနွေးခဲ့ကြရာ မော်ကွန်းထိန်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၄၀ ကျော် တက်ရောက်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် အများစိတ်ဝင်စားနေကြသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအကြောင်းကို ၀ိုင်းဖွဲ့ဆွေးနွေးခြင်းပုံစံဖြင့် တင်ဆက်ရာ ပရိတ်သတ်၏ နှစ်ခြိုက်မှု၊ စိတ်ဓာတ် တက်ကြွစွာ ပါဝင်ဆွေးနွေးမှု၊ အကြံကောင်း ဥာဏ်ကောင်းများ ပေးမှုတို့ကို ရရှိခဲ့ပါသည်။ ထို့ပြင် မေလတွင် ပါရမီ စကားဝိုင်းအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုအဖြစ် မကွေးတိုင်းဒေသကြီး၌ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲ ကျင်းပရန်လည်း တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ပြည်သူများအား အာဆီယံ စီးပွားရေးအသိုက်အ၀န်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးအပ်ရန်နှင့် ဗဟုသုတများ ဖြန့်ဝေပေးရန်ဟူ၍ ရည်ရွယ်ထားသည့်အတိုင်း ပါရမီ စကားဝိုင်းအဖွဲ့မှ ဘက်လိုက်မှုမရှိဘဲ အသိပညာများကို မျှဝေပေးပါသည်။ ယင်းဆွေးနွေးပွဲများသည် တွေ့ဆုံဆွေးနွေးမှုများအတွက် အခွင့်အရေး လမ်းဖောက်ပေးပြီး မတူညီသော အဖွဲ့အစည်းများအကြား တံတားတစ်စင်းသဖွယ် ပံ့ပိုးပေးခြင်းဖြစ်သည်။ မိမိတို့ အာဆီယံ စီးပွားရေး အသိုက်အ၀န်း ၀က်ဘ်ဆိုက် www.aec.com.mm အား စာဖတ်သူများအနေဖြင့် စိတ်ဝင်တစား ဆက်လက်ဖတ်ရှု့နေကြကြောင်း ၀မ်းမြောက်ဝမ်းသာ ပြောကြားလိုပါသည်။ မိမိတို့ ၀က်ဘ်ဆိုက်သည် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ဖတ်ရှုသူပေါင်း ၇၇၀,၀၀၀ ရှိခဲ့ရာမှ ဧပြီလ နှစ်စပိုင်းတွင် ၈၄၀,၀၀၀ ကျော်အထိ တိုးတက်လာပါသည်။ မိမိတို့ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်များကို လာရောက် ဖတ်ရှုလေ့လာပါရန် ဖိတ်ခေါ်အပ်ပါသည်။ ပျော်ရွှင်ဖွယ် သင်္ကြန်ရက်မြတ် ကာလဖြစ်ပြီး ကြွယ်ဝချမ်းသာသော မြန်မာနှစ်သစ်ဖြစ်ပါစေကြောင်း မိမိတို့ ပါရမီ စကားဝိုင်းအဖွဲ့မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။



ပါရမီစကားဝိုင်းအဖွဲ့

Copyright © AEC Myanmar. All rights reserved 2012.