All News

Local News

အာဆီယံဆိုင်ရာနှစ်ငါးဆယ် အမေးအဖြေများ

Yangon 06 December 2018

အာဆီယံ - အိန္ဒိယ စီးပွားရေးထူးချွန်ဆု (ASEAN – India Business Excellent Award)ကို ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှရရှိ

Yangon 03 December 2018

မြန်မာနိုင်ငံ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ

Yangon 23 November 2018

၂၁ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲထုတ်ပြန်ကြေငြာချက်

Yangon 20 November 2018

(၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှ အာဆီယံဥက္ကဌ၏ ထုတ်ပြန်ကြေညာချက်

Yangon 19 November 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

Yangon 16 November 2018

၂၀၁၇ ခုနှစ်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏အဓိက ကိန်းဂဏန်းများ

Yangon 15 November 2018


Asean News

၈ ကြိမ်မြောက် ဧရာဝတီ ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးဆွေးနွေးပွဲ ဘန်ကောက် ကြေညာစာတမ်း

28 June 2018, Yangon

၈ ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၆ ရက်မှ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး၊ ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု နှင့်ဇနီး၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)နှင့် ဇနီး၊ ကမ္ဘောဒီယားနိုင်ငံ ၀န်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်၊ လာအိုနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီ ဆုလစ်နှင့် ဇနီး၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ACMECS အဖွဲ့ဝင်များနိုင်ငံများမှ အမှုဆောင် အရာရှိချုပ်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေး အပြီးတွင် ၈ ကြိမ်မြောက် ဧရာဝတီ ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးဆွေးနွေးပွဲ ဘန်ကောက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာစာတမ်းတွင် ပါဝင်သည့် အဓိက အချက် ၃ ချက်မှာ အထူးရန်ပုံငွေတစ်ရပ် ထားရှိရန် ထိုင်းနိုင်ငံမှ အဆိုပြုခြင်း၊ နောက်တစ်ကြိမ် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားတွင် ကျင်းပရန် သဘောတူခြင်းနှင့် အာဆီယံဆိုင်ရာ ကမ္ဘာစီးပွားရေး ဖိုရမ်ကို ဗီယက်နမ်နိုင်ငံတွင် လာမည့် စက်တင်ဘာလ လလည်တွင် ကျင်းပရန် သဘောတူခြင်းတို့ဖြစ်သည်။ ကြေညာချက် အသေးစိတ်ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါ လင်ခ့်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

၈ ကြိမ်မြောက် ဧရာဝတီ ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးဆွေးနွေးပွဲ ဘန်ကောက် ကြေညာစာတမ်း

Copyright © AEC Myanmar. All rights reserved 2012.