All News

Local News


Asean News

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ACMECS CEO Forum တွင် မိန့်ခွန်းပြောကြားခြင်း

03 July 2018, Yangon

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇွန်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည့် ACMECS CEO Forum “Connecting our Future: Enhancing ACMECS Cooperation and Integration ဖွင့်ပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေး ကတိက၀တ် တစ်ခုတည်းဖြင့် အောင်မြင်အောင် ဆောင်ရွက်၍ မရနိုင်ဘဲ ဒေသတွင်း၌ နားလည်မှုရှိရှိ အတူယှဉ်တွဲ နေထိုင်ရေးက ပိုမိုအရေးပါကြောင်း၊ မဟာမဲခေါင်ဒေသတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် သမိုင်းပေး အမွေအနှစ်များကို အခြေပြု၍ ရည်မှန်းချက် ပန်းတိုင်းကို အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဒေသတွင်း နိုင်ငံများအကြား ညှိညှိနှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ၀န်းကျင်ကို ထိထိရောက်ရောက် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့ပါသည်။

Copyright © AEC Myanmar. All rights reserved 2012.