All News

Local News


Asean News

အကြိမ် (၇၁) မြောက် အာဇာနည်နေ့ကို ဦးညွှတ်ခြင်း

18 July 2018, Yangon

၁၉၄၇ခုနှစ်စောစောပိုင်းကာလတွင် ဗိုလ်ချုပ်အောင်ဆန်းက “ United States of Indochina” ဟူသော အင်ဒိုချိုင်း နားပြည်ထောင်စုကြီးတည်ထောင်ရန်လိုအပ်ကြောင်း ထည့်သွင်း မြွက်ကြားခဲ့ သည့် မိန့်ခွန်းကိုပြန်လည်တင်ပြခြင်းဖြင့် ကျွန်ုပ်တို့ပါရမီစကားဝိုင်းအဖွဲ့ ကအကြိမ်(၇၁)မြောက်အာဇာနည်နေ့ ကိုဂုဏ်ပြုလိုက်ပါသည်။

ဗိုလ်ချုပ်၏အရှေ့တောင်အာရှနိုင်ငံများနှင့်ရင်းနှီးစွာကူးလူးဆက်ဆံသင့်ကြောင်းအလွန်ကျယ်ပြန့်သော ရှေ့ရေးအမြင်သည် ၁၉၉၉ ခုနှစ်တွင်ကမ္ဘောဒီးယားနိုင်ငံကအာဆီယံ၏ ဆယ်နိုင်ငံမြောက် အဖွဲ့ဝင် အဖြစ် ၀င်ရောက်လာခြင်းဖြင့် ပြည့်စုံလာခဲ့ ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ကွယ်လွန်ချိန်တွင် အသက်၃၂နှစ် သာရှိသေးသော်လည်း အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာနိုင်ငံအတွက်သာမကအာဆီယံဒေသကြီး တစ်ခုလုံး အတွက် ပါထက်မြက်စူးရှသော အတွေးအခေါ်များ နှင့်နိုင်ငံရေး အမျော်အမြင်များကို ဂုဏ်ပြုလျက် ယနေ့ခေတ်တွင် မြန်မာနှင့်အာဆီယံအကျိုးစီးပွား ကို ရှေ့ရှုဆောင်ရွက်နေသောပါရမီစကားဝိုင်းအဖွဲ့က ဦးညွတ် အလေးပြုလိုက် ရပါသည်။

ဗိုလ်ချုပ်နှင့် အာဆီယံ ဆောင်းပါး

ဗိုလ်ချုပ်နှင့် အာရှအဆောက်အဦး ဆောင်းပါး

Copyright © AEC Myanmar. All rights reserved 2012.