All News

Local News


Asean News

13th International Burma Studies Conference တွင်ပါရမီစကားဝိုင်းအဖွဲ့မှ စီးပွားရေးပညာရှင် ဒေါက်တာမျိုးသန့် မှ Snapshot of the Myanmar Economy ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခြင်း

06 August 2018, Yangon

ပါရမီစကားဝိုင်းအဖွဲ့မှ စီးပွားရေးပညာရှင် ဒေါက်တာမျိုးသန့်သည် ၂၀၁၈ ခုနှစ် သြဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် 13th International Burma Studies Conference တွင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းညီလာ ခံသို့ မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများမှ ပညာရှင်ပေါင်း ၂၀၀ ကျော် တက်ရောက် ခဲ့ကြပြီး နိုင်ငံရေး၊ သမိုင်းနှင့် ယဉ်ကျေးမှု အစရှိသည့် ခေါင်းစဉ်ပေါင်းများစွာကို ဆွေးနွေးခဲ့ကြပါသည်။

ဒေါက်တာမျိုးသန့် ပြောကြားခဲ့သည့်မိန့်ခွန်းခေါင်းစဉ်မှာ Snapshot of the Myanmar Economy ဖြစ်ပြီး လက်ရှိစီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေ ၊ ၂၀၃၀ ခုနှစ်တွင် ဖြစ်နိုင်ချေ ရှိသည့် စီးပွားရေးအခြေအနေနှင့် နောက်ဆုံးပိုင်းတွင် ဆွေးနွေးလေ့ မရှိသော စီးပွားရေးစိန်ခေါ်မှု ၃ ရပ်ဖြစ်သည့် ထောက်ပံ့ငွေများကို ကျွမ်းကျင်စွာ အသုံးပြုရေး၊ အခွန်ဘဏ္ဍာငွေမရှိခြင်းနှင့် ဆီလျော်သည့် ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှု မဟာဗျူဟာမရှိခြင်း အစရှိသည်တို့ကိုလည်း ယင်းမိန့်ခွန်းတွင် ထည့်သွင်း ဆွေးနွေးထားပါသည်။

အင်္ဂလိပ်လို မူရင်း မိန့်ခွန်းကို ဖတ်ရှုလေ့လာနိုင်ပါသည်။

Copyright © AEC Myanmar. All rights reserved 2012.