All News

Local News


Asean News

တရုတ်-အာဆီယံပြပွဲသို့ သွားရောက်ကြည့်ရှုသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ

08 October 2018, Yangon

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ၊ နန်နင်း၌ တပြိုင်တည်း ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံ-တရုတ်ပြပွဲနှင့် ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။

ယင်းပြပွဲ၏ ဆောင်ပုဒ်မှာ: Jointly Building the 21st century Maritime Silk Road, Forging the China- ASEAN Century of Innovation ဖြစ်သည်။ ယင်းပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၁၆၈ ခန်း အပါအ၀င် ပြခန်းပေါင်း ၂၇၀၀ ကျော်တို့မှ ၎င်းတို့၏ ထုတ်ကုန်များကို ပါဝင်ပြသ ခဲ့ကြပါသည်။

တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းအချိန်ကတည်းက တရုတ်နှင့် အာဆီယံအကြား စီးပွားရေးအရ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအရှိန်အဟုန် မြှင့်တင်ခဲပါသည်။ တရုတ်သည် အာဆီယံ၏ အကြီးဆုံးသော ကုန်သွယ်မိတ်ဖက်အဖြစ် ၉ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။ အာဆီယံနှင့် တရုတ်အကြား ၂၀၁၇ ခှုနှစ်တွင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၅၁၄ ဘီလီယံ ပမာဏရှိခဲ့သည်။ တရုတ်-မလေးရှား ကုန်သွယ်မှုသည် ၂၀၁၇ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၆ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ဖိလစ်ပိုင်၏ တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့မှုသည် ၂၀၁၇ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။

(Source: China Daily, Asia Weekly Sept 17-23 2018)

Copyright © AEC Myanmar. All rights reserved 2012.