All News

Local News


Asean News

အာဆီယံ - အိန္ဒိယ စီးပွားရေးထူးချွန်ဆု (ASEAN – India Business Excellent Award)ကို ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှရရှိ

03 December 2018, Yangon

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အာဆီယံ-အိန္ဒိယ စီးပွားရေးကောင်စီ (AIBC) နှင့် မလေးရှား အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် စက်မှု ၀န်ကြီးဌာနတို့က ကြီးမှူး၍ အာဆီယံ-အိန္ဒိယ စီးပွားရေးထိပ်သီး ဆွေးနွေးပွဲကို ကျင်းပခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ပထ၀ီဝင် အနေအထားအရ တံတားတစင်းအနေဖြင့် တည်ရှိနေသည့်အတွက် အိန္ဒိယနှင့် အာဆီယံအကြား အလွန်အရေးပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိပါသည်။ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံ အတွက်သာမက အာဆီယံနှင့် အိန္ဒိယအကြား စီးပွားရေးနှင့် လူမှုရေး အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဟု ယုံကြည်သည့်အတွက် ပါရမီစွမ်းအင်အနေဖြင့် လည်းကောင်း ၊ ပါရမီစကားဝိုင်းအဖွဲ့ Think Tank အနေဖြင့်လည်းကောင်း ပါဝင်ကူညီဆောင်ရွက် လျက်ရှိပါသည်။ ယင်းသို့ အာဆီယံ - အိန္ဒိယ စီးပွားရေး ချိတ်ဆက်မှုများ တိုးတက်အောင် ဆောင်ရွက်ရာတွင် တဖက်တလမ်းမှ အားတက်သရော ပါဝင်ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၁၈ ခုနှစ် အာဆီယံ - အိန္ဒိယ စီးပွားရေး ထူးချွန်ဆုကို ပါရမီအနေဖြင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။



အဆိုပါ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ - အိန္ဒိယ စီးပွားရေးထူးချွန်ဆု (ASEAN –India Business Excellent Award) ကို ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်း ကိုယ်တိုင်တက်ရောက်ကာ ဆုလက်ခံရယူခဲ့ ပါသည်။

အလားတူပင် ပါရမီစကားဝိုင်းအဖွဲ့အနေဖြင့် အာဆီယံအကြောင်းနှင့် အာဆီယံ စီးပွားရေး အသိုက်အ၀န်းအကြောင်း မြန်မာနိုင်ငံလူထုကြားတွင် ထဲထဲဝင်ဝင် သိရှိပျံ့နှံ့စေရန် အားသွန်ခွန်စိုက် ကြိုးပမ်းမှုများအတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကွာလာလမ်ပူ၌ ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံပြည်သူဂုဏ်ရည်ဆု (ASEAN Peoples’ Award) ကို ရရှိခဲ့ပြီးဖြစ် ပါသည်။

Copyright © AEC Myanmar. All rights reserved 2012.