All News

Local News


Asean News

အာဆီယံဆိုင်ရာနှစ်ငါးဆယ် အမေးအဖြေများ

06 December 2018, Yangon

အမေး


၁။ ယနေ့အထိ အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ)အသင်းဝင်နိုင်ငံဘယ်နှစ်နိုင်ငံရှိပါသလဲ။
၂။ အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်မှာ အဘယ်နည်း။
၃။ အာဆီယံကို မည်သည့်အချိန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သနည်း။
၎။ အာဆီယံဆိုသည့် အဓိပ္ပါယ်မှာ အဘယ်နည်း။
၅။ လာအိုနိုင်ငံတွင် သုံးစွဲသည့်ငွေကြေးမှာအဘယ်နည်း။
၆။ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးသည် မည်သည့်နိုင်ငံတွင် ရှိသနည်း။
၇။ အရှေ့တောင်အာရှတွင် အရှည်ဆုံးမြစ်မှာ မည်သည့်မြစ်ဖြစ်သနည်း။
၈။ အေအီးစီဆိုသည့် အဓိပ္ပါယ်မှာ အဘယ်နည်း။
၉။ ၂၀၁၉ ခုနှစ် အာဆီယံ ဥက္ကဌတာဝန်ယူသည့်နိုင်ငံကိုဖော်ပြပါ။
၁၀။ အာဆီယံတွင် လူဦးရေမည်မျှရှိသနည်း။
၁၁။ အာဆီယံနိုင်ငံတွင် ၀င်ငွေအမြင့်မားဆုံးနိုင်ငံနှင့် ၀င်ငွေအနည်းဆုံးနိုင်ငံကို ဖော်ပြပါ။
၁၂။ မြန်မာနိုင်ငံအနေဖြင့် အေအီးစီတွင် မည်သည့်အချိန်တွင် ပါ ၀င်မည်နည်း။
အဖြေများကို နောက်ကျောဘက်တွင် တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။


အဖြေ


၁။ ၁၀ နိုင်ငံ၊။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း (၁၉၈၄)၊ ဗီယက်နမ် (၁၉၉၅)၊ လာအို(၁၉၉၇)၊ မြန်မာ(၁၉၉၇)၊ ကမ္ဘောဒီးယား(၁၉၉၉)
၂။ ဂျာကာတာ
၃။ ၈-၈-၁၉၆၇
၎။ အရှေ့တောင်အာရှနိုင်ငံများအသင်း( အာဆီယံ)
၅။ ကစ်(ပ်)
၆။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့
၇။ မဲခေါင်မြစ်
၈။ အာဆီယံစီးပွားရေးအသိုက်အ၀န်း
၉။ ထိုင်းနိုင်ငံ
၁၀။ သန်း ၆၃၀ ကျော်
၁၁။ စင်ကာပူနိုင်ငံ(အမေရိကန်ဒေါ်လာ ၅၂၇၄၄)၊ ကမ္ဘောဒီးယားနိုင်ငံ(အမေရိကန်ဒေါ်လာ ၁၁၉၈) ( ၂၀၁၆ ခုနှစ် သြဂုတ်လအထိ အာဆီယံဝက်ဆိုက်တွင် နောက်ဆုံး ဖော်ပြချက်အရ)
၁၂။ အာဆီယံစီးပွားရေးအသိုက်အ၀န်း (အေအီးစီ)ကို၂၀၁၅ ခုနှစ်အကုန်တွင် စတင်အကောင် အထည် ဖော်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးသို့ အေအီးစီ သဘောတူညီချက်များကို အသုံးပြုပြီး အပြည့်အ၀ ကုန်စည်များတင်ပို့ နိုင်မည်ဖြစ် သည်။ သို့ရာတွင် အခြားသော အာဆီယံနိုင်ငံများအနေဖြင့်မူ ၂၀၁၈ ခုနှစ်မှသာလျှင် အေအီးစီ သဘော တူညီချက်များကို အသုံးပြုပြီး မြန်မာနိုင်ငံသို့ ကုန်စည် တင်ပို့နိုင်မည်ဖြစ်သည်။


ဆန်းစစ်ချက်


(က) မေးခွန်း ၁၀ ခုမှ ၁၂ ခုအတွင်းဖြေဆိုနိုင်လျှင် သင်သည် အာဆီယံနိုင်ငံသားတစ်ဦးဖြစ်သည်။
(ခ) မေးခွန်း ၇ ခုမှ ၉ ခုအတွင်းသာ ဖြေဆိုနိုင်လျှင် သင်သည် အာဆီယံအကြောင်းကို သိရှိသူတစ်ဦးဖြစ်သည်။
(ဂ)မေးခွန်း ၆ ခု သို့မဟုတ် ၆ ခုအောက်သာဖြေဆိုနိုင်လျှင် သင်သည် ပြိုင်ဆိုင်မှုများနှင့် အကြီးအကျယ် ရင်ဆိုင်ရမည်ဆိုသည်ကို သတိပြုပါ။

Copyright © AEC Myanmar. All rights reserved 2012.