All News

Local News

(၂၃)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း တက်ရောက်

yangon 10 Apirl 2019

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိ(ပ်)မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) ဆိုင်ရာဝန်ကြီးများ၏ (၇)ကြိမ် မြောက်ကြားဖြတ် ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက် ဆွေးနွေး

yangon 21 March 2019

ရင်းနှီးမြှပ်နှံမှူနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ Yakhine Investment Fair သို့တက်ရောက်ဆွေးနွေး

yangon 08 March 2019

Daw Aung San Suu Kyi’s Rakhine investment forum speech in full

yangon 05 March 2019

၂၁.၂.၂၀၁၉ မှ ၂၃.၂.၂၀၁၉ အထိ Rakhine Investment Fair (2019) အားငပလီ ကမ်းခြေတွင် ကျင်းပပြုလုပ်

yangon 28 February 2019

World Economic Forum သို့ မြန်မာနိုင်ငံမှ ဝန်ကြီးတစ်ဦးတက်ရောက်ဆွေးနွေး

yangon 28 January 2019

နှစ်သစ်သ၀ဏ်လွှာ

Yangon 28 December 2018


Asean News

နှစ်သစ်သ၀ဏ်လွှာ

28 December 2018, Yangon

ပါရမီစကားဝိုင်းအဖွဲ့ကို အာဆီယံစီးပွားရေး အသိုက်အ၀န်း (အေအီးစီ) အကောင်အထည် ပေါ်လာသည့် အခါ မြန်မာပြည် သူများ အားလုံး ကြိုတင်သိရှိ ပြင်ဆင်နိုင်ရေးအတွက် သတင်းအချက် အလက်များ ကို မျှဝေပေးရန် ဟူသော အဓိက ရည်ရွယ်ချ က်ဖြင့် ၂၀၁၂ ခုနှစ်တွင် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ ဖွဲ့စည်းခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ဘားအံ၊ မော်လမြိုင်စသော မြို့ကြီးများ အပါအ၀င် မြန်မာနိုင်ငံတ၀ှမ်း၌ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (အေအီးစီ)အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပခဲ့ရာ ၂၀၁၈ ခုနှစ်ကုန် အထိ ၂၇ ကြိမ်ရှိခဲ့ပြီဖြစ်ပါ သည်။

ပါရမီစကားဝိုင်းအဖွဲ့၏ လုပ်ဆောင်ချက်များနှင့်အတူ အေအီးစီဆိုင်ရာ သတင်းအချက်အလက်၊ ဗဟု သုတများနှင့် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အေအီးစီ၏ပါဝင်ပတ်သက်မှုစသည့် အခြားဗဟု သုတများကို မိမိတို့ ၏ ၀က်ဘ်ဆိုက်ဖြစ်သည့် www.aec.com.mm နှင့် ဖေ့ဘွတ်စာမျက်နှာဖြစ်သည့် Parami Round Table တို့တွင် မြန်မာ ဘာသာဖြင့် ရှင်းလင်း လွယ်ကူစွာ တင်ပြထားပါသည်။ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိမိတို့ အေအီးစီ ၀က်ဘ်ဆိုက်ကို လေ့လာကြည့်ရှုသူ အရေ အတွက်မှာ ၇၈၀၀၀ မှ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၂သိန်း (၁၂၀၀၀၀၀) အထိ တိုးတက်လာခဲ့သည့်အတွက် ၀င်ရောက်လေ့လာ ဖတ်ရှုသူများအားလုံးကို အထူးပင် ကျေးဇူး တင်ရှိပါသည်။

ယခုနှစ်အတွင်း အာဆီယံနှင့် အေအီးစီဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော် Kempinski Hotel တွင် လည်းကောင်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတွင် လည်းကောင်း ကျင်းပပေးခဲ့ပါသည်။ ထို့အပြင် အာဆီယံ၊ အေအီးစီနှင့် သက်ဆိုင်သည့် သတင်းများ၊ သုတေသနနှင့် လေ့လာမှုများ အပေါ် အခြေခံသည့် အမြင်နှင့် ဆောင်းပါးများကို အချိန်နှင့် တပြေးညီ ဖော်ပြထုတ်ဝေခြင်း တို့ကိုလည်း ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် အာဆီယံ-အိန္ဒိယ စီးပွားရေးကောင်စီ (AIBC) မှ ကျင်းပသည့် ၃ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေး ထိပ်သီး ဆွေးနွေးတွင် မိမိတို့ ပါရမီစကားဝိုင်းအဖွဲ့ကို တည်ထောင်ပံ့ပိုးပေးလျက်ရှိသည့် ပါရမီစွမ်းအင်ကုမ္ပဏီများ အုပ်စုအား မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာဆီယံ-အိန္ဒိယစီးပွားရေးထူးချွန်ဆု (ASEAN –India Business Excellent Award)ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး အမှုဆောင် အရာရှိချုပ် ဦးပြည့်ဝထွန်း ကိုယ်တိုင်တက်ရောက်ကာ ဆုလက်ခံ ရယူခဲ့ပါသည်။

စာဖတ်သူများအနေဖြင့် မိမိတို့ပါရမီစကားဝိုင်းအဖွဲ့၏ အာဆီယံနှင့် အေအီးစီဆိုင်ရာ လူထုအသိပညာ ပေးခြင်း လုပ်ဆောင် ချက်များအား ဆက်လက် အားပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပြီး အကြံဥာဏ်များ ကိုလည်း ပေးပို့စေလိုပါကြောင်း ထပ်လောင်းမေတ္တာ ရပ်ခံအပ်ပါသည်။ မိမိတို့ပါရမီစကားဝိုင်းအဖွဲ့၏ လုပ်ဆောင် ချက်များအပေါ် စိတ်ဝင်တစား အားပေးမှုများ အတွက် အထူးပင်ကျေးဇူးတင် ရှိပါကြောင်း အလေးအနက် ပြောကြားလျက် “ကျန်းမာချမ်းသာ ပျော်ရွှင်သော ၂၀၁၉ ခုနှစ် မင်္ဂလာနှစ်သစ် ဖြစ်ပါစေကြောင်း” ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ပါရမီစကားဝိုင်းအဖွဲ့

Copyright © AEC Myanmar. All rights reserved 2012.