All News

Local News


Asean News

နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှု

14 March 2015, Thailand

အရှေ့တောင် အာရှ နှစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကို ချိတ်ဆက်ရန် မကြာသေးမီက လမ်းတည်ဆောက်မှုကြောင့် ထိုင်းနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုသည် လာမည့်နှစ်တွင် ပိုမို တိုးတက် လာမည်ဖြစ်သည်။ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်နှင့် မြန်မာနိုင်ငံ မြ၀တီမြို့နယ်တို့တွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ရှိခဲ့ပြီး ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံ ရှိမည်ဟု မျှော်မှန်းကြောင်း တက်ခ်ပြည်နယ် ကုန်သည်ကြီးများအသင်း ဒုတိယ အထွေထွေ အတွင်းရေးမှူး Pongchai Tan-aroonchai က ပြောကြားခဲ့သည်။

ထိုင်းကုန်စည်များကို မဲဆောက်မှ သောင်ရင်းမြစ် (မိုအိမြစ်)ကို ဖြတ်ပြီး မြ၀တီနှင့် ချိတ်ဆက်ထားသော လမ်းတစ်လျှောက် ကော့ကရိတ်မြို့နယ်နှင့် ရန်ကုန်မြို့အထိ သယ်ပို့နိုင်မည်ဖြစ်သည်။ အခြားသော ထိုင်းထုတ်ကုန်များကို မဲဆောက်ခရိုင်အတွင်းမှ သယ်ယူပြီး မြန်မာနိုင်ငံမှ ဖြတ်ကာ တရုတ်နိုင်ငံ အနောက်တောင်ဘက်နှင့် အိန္ဒိယအထိ သယ်ယူပို့ဆောင် နိုင်မည်ဖြစ်သည်။ မြ၀တီ လမ်းမှတဆင့် မြန်မာနိုင်ငံအနေဖြင့် ဒီဇယ်၊ ရေနံ၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ချည်ထည်၊ ဘီယာ စအရှိသည့် များပြားလှသော ထိုင်းကုန်စည်များကို ၀ယ်ယူနိုင် မည်ဖြစ်သည်။

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အထူးစီးပွားရေးဇုန်သည် လာအိုနိုင်ငံမှ မဲခေါင်မြစ်ကိုဖြတ်ထားသည့် Nong Khaing၊ ကမ္ဘောဒီယားနှင့် နယ်နိမိတ်ထိစပ်နေသည့် Srakeo နှင့် Trat၊ မလေးရှားနှင့် ဘုံနယ်စပ်ဒေသဖြစ်သော ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Sadao ခရိုင် စသည့်ဒေသများတွင် တည်ဆောက်ထားသည့် အထူးစီးပွားရေး ဇုန်များကဲ့သို့ တည်ဆောက်ထားခြင်း ဖြစ်သည်။

လမ်းသစ် တည်ဆောက်မှုသည် ယခုနှစ်လယ်တွင် ပြီးစီးမည်ဖြစ်သည်။ ထိုင်း- မြန်မာ နေ့စဉ် နယ်စပ် ကုန်သွယ်မှု တိုးမြှင့်ရန်အတွက် ဒုတိယမြောက် တံတားကို သောင်ရင်းမြစ် (မိုအိမြစ်)ကို ဖြတ်လျက် လာမည့်နှစ်တွင် တည်ဆောက်မည် ဖြစ်သည်။ အထူး စီးပွားရေးဇုန် ရှိသည့်နေရာများနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရန် ရည်ရွယ်ထားသော အနီးအနားနေရာများ၊ ထောက်ပံ့ ပို့ဆောင်ရေးစနစ်များနှင့် အခြားသော လုပ်ဆောင်မှုများ ပြီးစီးသွားလျှင် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာမည် ဖြစ်ပါသည်။ ယင်းအချိန်သည် ယခုနှစ်အကုန် အာဆီယံ စီးပွားရေးအသိုက်အ၀န်း အကောင်အထည်ဖေါ်မည့် ကာလနှင့်လည်း တိုက်ဆိုင်နေပါသည်။


Source: Shanghai Daily(12 March 2015)

Copyright © AEC Myanmar. All rights reserved 2012.