All Workshops

25th AEC Workshop
AEC: Sharing Experiences & Moving Forward
22 August 2017

24th AEC Workshop
ASEAN Economic Community
05 Apirl 2017

23rd AEC Workshop
ASEAN Economic Community
04 Apirl 2017

22nd AEC Workshop
ASEAN Economic Community
30 August 2016

21st AEC Workshop
ASEAN Economic Community
29 August 2016

20th AEC Workshop
ASEAN Economic Community
22 June 2016

19th AEC Workshop
Impact Of AEC
14 March 2016

18th AEC Workshop
အာဆီယံ အသိုက်အ၀န်း ထူထောင်ခြင်းဆိုင်ရာ လူထုအသိပညာပေးရေး
10 February 2016

17th AEC Workshop
Regional Cooperation in Southeast Asia
30 January 2016

16th AEC Workshop
AEC and Media
05 November 2014

15th AEC Workshop
AEC Knowledge
03 September 2014

14th AEC Workshop
AEC Opportunities & ICT Challenges in Mandalay
29 August 2014

13th AEC Workshop
Knowledge for AEC
09 August 2014

12th AEC Workshop
Kayin State: Gateway for AEC
04 Apirl 2014

11th AEC Workshop
Competitiveness for AEC
09 November 2013

10th AEC Workshop
AEC and Myanma Motion Picture
17 September 2013

9th AEC Workshop
AEC Alert
08 September 2013

8th AEC Workshop
Step Towards AEC
07 September 2013

7th AEC Workshop
Preparation Needs for AEC
19 May 2013

6th AEC Workshop
Preparation Needs for AEC
18 May 2013

25th AEC Workshop

AEC: Sharing Experiences & Moving Forward

22 August 2017

အာဆီယံ စီးပွားရေး အသိုက်အ၀န်း (အေအီးစီ) အတွေ့အကြုံများကို နှီးနှောဖလှယ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပါရမီစကားဝိုင်းအဖွဲ့တို့ ပူးပေါင်းပြီး၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့များက၊ နေပြည်တော်ရှိ Kempinski Hotel တွင် “AEC: Sharing Experience and Moving Forward” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ တစ်ရက်ခွဲကြာ အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သော အစိုးရ၀န်ကြီးဌာနပေါင်းစုံမှ ဒုတိယ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/တိုင်းများမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန၀န်ကြီးများ၊ အမြဲတန်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တကွ အေအီးစီကို တာဝန်ယူ အကောင်အထည်ဖေါ်နေကြသည့် ဌာနဆိုင်ရာ အဆင့်မြင့် အရာထမ်းအမှုထမ်းများအပြင် စက်မှုကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပါရမီစကားဝိုင်းအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု၏ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထိုနောက် ပါရမီစကားဝိုင်းအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ ခင်အုန်းသန့်၊ ဦးတင်ချို၊ ဒေါ်တင်တင်ထွေး၊ ဦးအောင်မြင့်၊ ဦးဇော်သန်း၊ ဒေါက်တာဂျော့ရှ်စိုးဝင်း၊ ဒေါက်တာ မျိုးသန့်တို့က ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပခဲ့သော အေအီးစီ အလုပ်ရုံဆွေးနွေးပွဲပေါင်း ၂၄ ခုမှ ရရှိထားသော အတွေ့အကြုံများပေါ် မူတည်၍ ဟောပြောတင်ပြကြပါသည်။ နေ့လည်ပိုင်းတွင် အုပ်စု ၄ ခုခွဲပြီး အေအီးစီကို လက်တွေ့ အကောင်အထည်ဖေါ်နေသော အဆင့်မြင့် အစိုးရ၀န်ထမ်းများက မိမိတို့ အတွေ့အကြုံများကို အမြင်ချင်း ဖလှယ်ကြပါသည်။ တွေ့ရှိချက်များကို ဒုတိယနေ့တွင် စုံညီအစည်းအဝေးသို့ တင်ပြပြီး အဆိုပါ အချက်များပေါ် အခြေခံသော လက်တွေ့ ဆောင်ရွက်နိုင်မည့် ကာလတို စီမံချက်တစ်ရပ်ကို ပါရမီစကားဝိုင်းအဖွဲ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြကြမည်ဟု အားလုံးက သဘောတူဆုံးဖြတ်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ နိဂုံးချုပ်ခဲ့ပါသည်။

Copyright © AEC Myanmar. All rights reserved 2012.