.jpg)
1st AEC Workshop
Preparations for Asean Economics Community
05 July 2012ရန်ကုန်၊ ဇူလိုင်(၅) – "အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် လိုအပ်ချက်များ ပြင်ဆင်ခြင်း" (Preparations for Asean Economics Community) ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ(၅)ရက်၊ ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ပထမဆုံးအကြိမ် ကျင်းပသည်။
AEC အလုပ်ရုံဆွေးနွေးပွဲကို PT & MM Event Ads Co., Ltd မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ Parami Energy Group of Companies မှ အဓိက ပံ့ပိုးပေးထားသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ၂ဝ၁၅ တွင် ဖြစ်ပေါ်လာမည့် အာဆီယံ စီးပွားရေး ပေါင်းစပ်မှုအား မြန်မာကုမ္ပဏီများ အကြား ပိုမို သိရှိ နားလည်ကာ လိုအပ်သည် များကို ကြိုတင် ပြင်ဆင်နိုင်စေရန် ရည်ရွယ်သည်။
၂ဝ၁၅
ခုနှစ်သည် အာဆီယံနိုင်ငံအားလုံးအတွက် အရေးပါသောနှစ်
ဖြစ်သည်။
ယင်းနှစ်တွင် အာဆီယံသည် ကမ္ဘာ့စီးပွားရေးသို့
အပြည့်အဝ ပေါင်းစပ် ဝင်ရောက်သော နှစ် ဖြစ်သည်။
စီးပွားရေး ပေါင်းစပ်ရာတွင်
အာဆီယံသည်
တစ်ခုတည်းသော ဈေးကွက်
ဖြစ်ပေါ်လာခြင်း၊ ထုတ်လုပ်မှုကို အခြေခံခြင်း၊
ဈေးကွက် ပြိုင်ဆိုင်မှု မြင့်မားလာခြင်း၊
စီးပွားရေးတိုးတက်မှု ညီမျှခြင်းတို့
ဖြစ်ပေါ်လာမည် ဖြစ်သည်။ တနည်းအားဖြင့်
၂ဝ၁၅ တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်း
ဖြစ်ပေါ်လာမည် ဖြစ်သည်။
ဤအလုပ်ရုံဆွေးနွေးပွဲတွင် AEC မှ ဖြစ်ပေါ်လာမည့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ၊ စီးပွားရေး လုပ်ငန်း ပေါင်းစုံ အပေါ်တွင် သာမက စားသုံးသူများအပေါ်တွင်ပါ ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုး များကို တင်ပြဆွေနွေးခဲ့ကြပါသည်။
"AEC နဲ့ ပတ်သက်ပြီး ပြည်တွင်းကုမ္ပဏီတွေရဲ့ ပြင်ဆင်မှုအားနည်းနေတယ်။ အဆင်သင့် မဖြစ်သေးဘူး။ AEC ဆိုတာ ကျွန်တော်တို့ သိတဲ့ဈေးကွက်နဲ့ လုံးဝကွာခြားလိမ့်မယ်။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမယ်။ ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ပြည်တွင်းလုပ်ငန်းတွေဟာ နိုင်ငံခြားက ဝင်ရောက် မြုပ်နှံလာတဲ့ လုပ်ငန်းတွေကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ နိုင်ငံခြားကုမ္ပဏီတွေဟာ ဝန်ဆောင်မှု လုပ်ငန်း၊ ရင်းနှီးမြုပ်နှံရေး၊ ကျွမ်းကျင်လုပ်သားနဲ့ အရင်းအနှီးမတည်တဲ့ ကဏ္ဍတွေမှာ AEC ရဲ့ လွတ်လပ်စွာ စီးဆင်းမှုမူဝါဒကို ထိရောက်စွာ အသုံးချကြမှာ ဖြစ်တယ်" ဟု ADB ၏ Principal Economist ဒေါက်တာမျိုးသန့်က ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးမည့်သူများသည် AEC နှင့် ပတ်သက်သော သတင်းအချက်အလက်နှင့် သုံးသပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။ ပါဝင်ဆွေးနွေးခဲ့ကြသည့် ပညာရှင်များမှာ ဒေါက်တာဒေါ်ခင်အုန်းသန့် (အငြိမ်းစားအကြံပေး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာန)၊ ဒေါ်တင်တင်ထွေး (အငြိမ်းစားညွှန်ကြားရေးမှူး၊ National AFTA Unit)၊ ဦးကျော်ဝင်း (ညွှန်ကြားရေးမှုး၊ အကောက်ခွန်ဦးစီးဌာန)၊ ဦးသန်းလွင် (ဒုဥက္ကဌ-၂၊ ကမ္ဘာဇဘဏ် လီမိတက်) တို့ ဖြစ်သည်။
တက်ရောက်သူများအနေဖြင့် ဤတစ်ရက်တာဆွေးနွေးပွဲတွင် AEC အကြောင်းလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ အမြင်ဖလှယ်ခွင့် အကျိုးကျေးဇူးများ ရရှိခဲ့သည့်အပြင် မိမိလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ချက်များကို အခြားပြည်တွင်းကုမ္ပဏီများနှင့် မျှဝေနိုင်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာမည့် အကျိုးကျေးဇူးကို အားသာချက်တစ်ရပ်အဖြစ် အသုံးချ၍ ဖြစ်ပေါ်လာမည့် AEC စီးပွားရေး အသိုက်အဝန်း ရှေ့တန်း၌ အသုံးချယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
ပထမအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို Parami Energy Group of Companies မှ Main Sponsor အဖြစ် ကူညီပံ့ပိုးပေးထားပါသည်။