.jpg)
2nd AEC Workshop
AEC Alert: Investment, Tansport and Services
11 August 2012ရန်ကုန်၊ သြဂုတ်(၁၁)ရက် -- ရင်းနှီးမြှပ်နှံမှု၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများကို အဓိက ထား၍ ဆွေးနွေးသော ဒုတိယအကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်စိုး တက်ရောက် ဖွင့်လှစ်ပေးသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဦးအောင်ခင်လည်း တက်ရောက်သည်။
အလုပ်ရုံဆွေးနွေးပွဲကို ပုဂ္ဂလိကကဏ္ဍမှ
ဦးစီးကျင်းပခြင်းဖြစ်ပြီး၊
၂ဝ၁၅ခုနှစ်တွင်
ဖြစ်ပေါ်လာမည့် အာဆီယံစီးပွားရေး အသိုက်
အဝန်းအတွက် ကြိုတင် လေ့လာပြင်ဆင်မှုများ
ပြုလုပ်နိုင်ရန် ရည်ရွယ်သည်။ ဒုတိယအကြိမ်မြောက်
အလုပ်ရုံဆွေးနွေးပွဲကို "AEC
Alert: Investment, Tansport and
Services" ဟု
ခေါင်းစဉ်ပေးထားပြီး၊ PT & MM Event Ads Co., Ltd မှပင်
တာဝန်ယူ
စီစဉ်တင်ဆက်ခြင်း ဖြစ်သည်။
ပထမအကြိမ်မြောက်
အလုပ်ရုံဆွေးနွေးပွဲကို ၂ဝ၁၂ခုနှစ်၊ ဇူလိုင်လ အတွင်းက အောင်မြင်စွာ
ကျင်းပခဲ့သည်။
ယနေ့ကျင်းပသော တစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတွင် AEC ကြောင့် ဖြစ်ပေါ်လာမည့် အခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများကို အသိပညာရှင်၊ အတတ်ပညာရှင်များက ပောာပြော ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်သူများ ကလည်း ပါဝင် ဆွေးနွေးဖလှယ်ကြသည်။ ပြည်တွင်း ကုမ္ပဏီများမှ ဤအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်၍ ၄င်းတို့၏ စီးပွားရေးမူများနှင့် မျှော်မှန်းချက်များကို ဖြစ်ပေါ်လာမည့် စီးပွားရေးအသိုက်အဝန်းနှင့် တစ်သားတည်း ဖြစ်အောင် ကြိုတင်ပြင်ဆင် နိုင်မည် ဖြစ်သည်။
"ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ သဘောထားအမြင်တွေကို ပြောင်းပစ်ဘို့ လိုအပ်ပါတယ်။ AEC ကြောင့် ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံး နည်းလမ်းတွေ အသုံးပြုပြီး တက်တက်ကြွကကြွ ရင်ဆိုင်ရပါမယ်"ဟု ပါရမီစွမ်းအင်အုပ်စုကုမ္ပဏီများ အကြီးတန်းအကြံပေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲ၏ သဘာပတိအဖြစ် ဆောင်ရွက်သူ ဦးတင်ချိုက ပြောကြားသည်။
ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးချိန်ကို ပထမအကြိမ်ကထက် ပိုမို အချိန်ပေးထားသောကြောင့် တက်ရောက်လာကြသော လုပ်ငန်းရှင်များကလည်း ပောာပြောသူ ပညာရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း ဒုတိယဥက္ကဌ ဦးအောင်မြင့်က "Land Transport Related Regional Agreements" ခေါင်းစဉ်ဖြင့် ဦးဆောင် ဟောပြော ဆွေးနွေးပြီး၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးအောင်ခင်မြင့်က "Myanmar Logistics System" ကိုခေါင်းစဉ်ဖြင့် ပောာပြော ဆွေးနွေးသည်။
Kelvin Chia International Law Firm ၏ ဥပဒေပညာရှင် ဦးသန်းမောင်က "Myanmar Investment in Tune with AEC" ခေါင်းစဉ်ဖြင့် ဟောပြောပြီး၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာန၊ အငြိမ်းစားညွှန်ကြားရေးမှုးချုပ် ဒေါ်မြတ်မြတ်စိုးက "AEC Alert: Challenges and Opportunities in Trade in Services" ခေါင်းစဉ်ဖြင့် ပောာပြော ဆွေးနွေးကြသည်။
ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို Linn Thar Oo Lodge နှင့် Toyo Battery တို့က Co-Sponsor များအဖြစ် အားဖြည့်ထားပြီး၊ Parami Energy Group of Companies မှ Main Sponsor အဖြစ် ကူညီပံ့ပိုးပေးထားပါသည်။