All Workshops

25th AEC Workshop
AEC: Sharing Experiences & Moving Forward
22 August 2017

24th AEC Workshop
ASEAN Economic Community
05 Apirl 2017

23rd AEC Workshop
ASEAN Economic Community
04 Apirl 2017

22nd AEC Workshop
ASEAN Economic Community
30 August 2016

21st AEC Workshop
ASEAN Economic Community
29 August 2016

20th AEC Workshop
ASEAN Economic Community
22 June 2016

19th AEC Workshop
Impact Of AEC
14 March 2016

18th AEC Workshop
အာဆီယံ အသိုက်အ၀န်း ထူထောင်ခြင်းဆိုင်ရာ လူထုအသိပညာပေးရေး
10 February 2016

17th AEC Workshop
Regional Cooperation in Southeast Asia
30 January 2016

16th AEC Workshop
AEC and Media
05 November 2014

15th AEC Workshop
AEC Knowledge
03 September 2014

14th AEC Workshop
AEC Opportunities & ICT Challenges in Mandalay
29 August 2014

13th AEC Workshop
Knowledge for AEC
09 August 2014

12th AEC Workshop
Kayin State: Gateway for AEC
04 Apirl 2014

11th AEC Workshop
Competitiveness for AEC
09 November 2013

10th AEC Workshop
AEC and Myanma Motion Picture
17 September 2013

9th AEC Workshop
AEC Alert
08 September 2013

8th AEC Workshop
Step Towards AEC
07 September 2013

7th AEC Workshop
Preparation Needs for AEC
19 May 2013

6th AEC Workshop
Preparation Needs for AEC
18 May 2013

21st AEC Workshop

ASEAN Economic Community

29 August 2016

အာဆီယံဒေသတွင်း သက်ဝင် လှုပ်ရှားလာပြီဖြစ်သည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း (AEC) နှင့်ပတ်သက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သိရှိနိုင်ရန် သြဂုတ်လ ၂၉ ရက်နေ့တွင် သီရိဘားအံဟိုတယ်၌ နေ့လည် ၂း၀၀ နာရီတွင် ကျင်းပခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲကို ပါရမီစကားဝိုင်းမှ ပညာရှင်များ ဖြစ်ကြသည့် ဦးတင်ချို၊ ဦးမျိုးသန့်၊ ဦးအောင်မြင့်၊ ဒေါ်တင်တင်ထွေးနှင့် ဦးဇော်သန်းတို့က ဆွေးနွေးဟောပြော ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးနှင့်တကွ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအရာရှိ စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် CSR မန်နေဂျာ ဦးအောင်မျိုးရှိန်က ပါရမီစွမ်းအင် ကုမဏီများအုပ်စု၏ CSR အစီအစဉ်အရ ပြုလုပ်လျက်ရှိသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းကို ရှင်းလင်းတင်ပြပြီးနောက် ပါရမီစကားဝိုင်းအဖွဲ့မှ ပညာရှင်များ ဖြစ်ကြသော ဦးမျိုးသန့်က ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေး မဟာဗျူဟာ စီမံကိန်း(မူကြမ်း) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်တင်တင်ထွေးက ASEAN Economic Community (AEC) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးတင်ချိုက AEC Beyond 2015 ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်မြင့်က Regional Connectivity in Myanmar and East West Economic Corridor ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး Eco Echo ဂျာနယ် အယ်ဒီတာချုပ် ဦးဇော်သန်းကလည်း SMEs ကဏ္ဍများနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အမေးအဖြေကဏ္ဍတွင် တက်ရောက်လာသော ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်း ခဲ့ကြပြီး၊ ပါရမီစကားဝိုင်းအဖွဲ့မှ ပညာရှင်များက မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ညနေ ၆ နာရီခွဲခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။

Copyright © AEC Myanmar. All rights reserved 2012.