All Workshops

25th AEC Workshop
AEC: Sharing Experiences & Moving Forward
22 August 2017

24th AEC Workshop
ASEAN Economic Community
05 Apirl 2017

23rd AEC Workshop
ASEAN Economic Community
04 Apirl 2017

22nd AEC Workshop
ASEAN Economic Community
30 August 2016

21st AEC Workshop
ASEAN Economic Community
29 August 2016

20th AEC Workshop
ASEAN Economic Community
22 June 2016

19th AEC Workshop
Impact Of AEC
14 March 2016

18th AEC Workshop
အာဆီယံ အသိုက်အ၀န်း ထူထောင်ခြင်းဆိုင်ရာ လူထုအသိပညာပေးရေး
10 February 2016

17th AEC Workshop
Regional Cooperation in Southeast Asia
30 January 2016

16th AEC Workshop
AEC and Media
05 November 2014

15th AEC Workshop
AEC Knowledge
03 September 2014

14th AEC Workshop
AEC Opportunities & ICT Challenges in Mandalay
29 August 2014

13th AEC Workshop
Knowledge for AEC
09 August 2014

12th AEC Workshop
Kayin State: Gateway for AEC
04 Apirl 2014

11th AEC Workshop
Competitiveness for AEC
09 November 2013

10th AEC Workshop
AEC and Myanma Motion Picture
17 September 2013

9th AEC Workshop
AEC Alert
08 September 2013

8th AEC Workshop
Step Towards AEC
07 September 2013

7th AEC Workshop
Preparation Needs for AEC
19 May 2013

6th AEC Workshop
Preparation Needs for AEC
18 May 2013

23rd AEC Workshop

ASEAN Economic Community

04 Apirl 2017

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ မေတ္တာရပ်ခံချက်အရ ပါရမီစကားဝိုင်းအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများအတွက် အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်(၂၃)ကို ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ် မင်္ဂလာခန်းမတွင်၂၀၁၇ခုနှစ်၊ ဧပြီလ၊ ၄-ရက် နေ့လည်၂း၀၀ နာရီက ကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရအဖွဲ့ဝင် ၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ဌာနဆိုင်ရာ အကြီးအကဲ ၆၀ ဦးနှင့် သတင်းမီဒီယာမှ ၅ ဦး စုစုပေါင်း ၇၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးဝန်ကြီး ဦးဝင်းဌေးမှ မြန်မာနိုင်ငံသည် အာဆီယံ အသင်းဝင်နိုင်ငံတစ်ခု ဖြစ်သည့်အားလျော်စွာ အေအီးစီ နှင့် အာဆီယံအကြောင်းများကို ကောင်းစွာ နားလည်သဘောပေါက်ထားရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီးအဆင့်တွင် ပေါ်လစီမူဝါဒများကို ချမှတ် အကောင်အထည်ဖေါ်နေရသော မိမိတို့အနေဖြင့် အတွင်းကျကျ သိရှိ နားလည်ထားရန် ပိုမိုအရေးကြီးပါကြောင်းနှင့် ယခုကဲ့သို့ ရန်ကုန်မြို့မှ တကူးတက လာရောက်ပြီး မိမိတို့၏ နား၊ မျက်စိများကို ဖွင့်ပေးမည့် ပါရမီစကားဝိုင်းအဖွဲ့ဝင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသွားပါသည်။ ဆက်လက်ပြီး ပါရမီစကားဝိုင်းအဖွဲ့မှ ဦးတင်ချိုက ပါရမီစကားဝိုင်းအဖွဲ့ ပေါ်ပေါက်လာပုံ၊ လုပ်ဆောင်ခဲ့သော ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့် ယခု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ မေတ္တာရပ်ခံချက်အရ ပုသိမ်သို့ လာရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းတို့ကို တင်ပြသွားပါသည်။

အစီအစဉ်အရ စီးပွားရေးပညာရှင် ဒေါက်တာမျိုးသန့်က အေအီးစီအတွက် အဘယ်ကြောင့် စိတ်အားတက်ကြွ နေရသလဲ ခေါင်းစဉ်ဖြင့် တင်ပြရာတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ လူမှုဝန်းကျင်အရ သော်လည်းကောင်း များစွာ အရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအပါအ၀င် အခြားသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ပေါင်း(၇)ခုတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီးဖြစ်ရာ ထိုအဖွဲ့အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ မိမိတို့နိုင်ငံ အကျိုးစီးပွား အမြင့်ဆုံးရရှိစေရန် ရည်ရွယ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် အခွင့်အရေးများ၊ စိန်ခေါ်မှုများအားလုံးကို ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ကောင်းစွာသိရှိပြီး ပြင်ဆင်ထားနိုင်ရန် လိုအပ်ကြောင်း၊ ၀န်ကြီးဌာနများအချင်းချင်း ပိုမို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသဖြင့် အရေးပါသော အချက်များကို မီးမောင်း ထိုးပြသွားပါသည်။

ပရိသတ်များက မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေဆိုပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို ကော်ဖီသောက်ရန် ခေတ္တရပ်နားပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပါသည်။

ဆက်လက်ပြီး ပါရမီစွမ်းအင်မှ အကြီးတန်းအကြံပေး ဒေါ်တင်တင်ထွေးက ASEAN Economic Community ခေါင်းစဉ်ဖြင့် အာဆီယံဖြစ်ပေါ်လာပုံ၊ AEC သဘောတူညီချက် အဆင့်ဆင့်များ၊ တစ်ခုတည်းသောဈေးကွက်စနစ်၊ ကုန်စည်၊ ဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးအရင်းအနှီးများ၊ ကျွမ်းကျင်သောလုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ခွင့်များ၊ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော စီးပွားရေးဒေသကြီး၊ ဘက်ညီတိုးတက်သော ဒေသဖြစ်ပေါ်လာရေး စသဖြင့် စုံလင်စွာ ဆွေးနွေးတင်ပြသွားပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဌ ဦးအောင်မြင့်က သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ဖြည့်တင်း ပို့ဆောင်ရေး အရေးကြီးပုံ၊ သယ်ယူပို့ဆောင်ရေးမရှိလျှင် ကုန်သွယ်မှုမရှိနိုင်ကြောင်းဖြင့် စတင်ဆွေးနွေးပြီး၊ မြန်မာနိုင်ငံအတွင်းရှိ ကားများ၊ လမ်းများ၊ ကုန်စည်များ ချောမွေ့လျင်မြန်စွာ လည်ပတ်နိုင်ရေးအတွက် လမ်းဖေါက်ရမည့် နည်းလမ်းများ၊ တောင်ကိုတွေ့လျှင်ဖေါက်၊ ချောက်ကိုတွေ့လျှင် တံတားထိုး စသဖြင့် ခေတ်မီလမ်းဖေါက်လုပ်ရေး နည်းစနစ်များကို အသေးစိတ် တင်ပြဆွေးနွေးသွားပါသည်။ ဆက်လက်ပြီး ပါရမီစွမ်းအင်မှ အကြီးတန်းအကြံပေး ဦးတင်ချိုက ၂၀၁၅ ခုနှစ်အလွန် အေအီးစီ ခေါင်းစဉ်ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှစပြီး အေအီးစီကို စတင် အကောင်အထည် ဖေါ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်သင့်သည့် လုပ်ငန်းများအကြောင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြသွားပါသည်။

တက်ရောက်လာသူများက မေးမြန်းသော မေးခွန်းများကို ပညာရှင်အသီးသီးက ပြန်လည် ဖြေကြားပါသည်။ ထို့နောက် ၀န်ကြီးဦးဝင်းဌေးက ပါရမီစကားဝိုင်းအဖွဲ့အား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၅း၃၀ နာရီတွင် အောင်မြင်စွာ နိဂုံးချုပ်လိုက်ပါသည်။

Copyright © AEC Myanmar. All rights reserved 2012.