All Workshops

27th AEC Workshop
Opportunities and Challenges of SMEs
16 February 2018

26th AEC Workshop
Development of Modern Transport
15 February 2018

25th AEC Workshop
AEC: Sharing Experiences & Moving Forward
22 August 2017

24th AEC Workshop
ASEAN Economic Community
05 Apirl 2017

23rd AEC Workshop
ASEAN Economic Community
04 Apirl 2017

22nd AEC Workshop
ASEAN Economic Community
30 August 2016

21st AEC Workshop
ASEAN Economic Community
29 August 2016

20th AEC Workshop
ASEAN Economic Community
22 June 2016

19th AEC Workshop
Impact Of AEC
14 March 2016

18th AEC Workshop
အာဆီယံ အသိုက်အ၀န်း ထူထောင်ခြင်းဆိုင်ရာ လူထုအသိပညာပေးရေး
10 February 2016

17th AEC Workshop
Regional Cooperation in Southeast Asia
30 January 2016

16th AEC Workshop
AEC and Media
05 November 2014

15th AEC Workshop
AEC Knowledge
03 September 2014

14th AEC Workshop
AEC Opportunities & ICT Challenges in Mandalay
29 August 2014

13th AEC Workshop
Knowledge for AEC
09 August 2014

12th AEC Workshop
Kayin State: Gateway for AEC
04 Apirl 2014

11th AEC Workshop
Competitiveness for AEC
09 November 2013

10th AEC Workshop
AEC and Myanma Motion Picture
17 September 2013

9th AEC Workshop
AEC Alert
08 September 2013

8th AEC Workshop
Step Towards AEC
07 September 2013

3rd AEC Workshop

AEC Brainstorming : Tourism, Logistics, SMEs and Free Flow of Investment

22 September 2012

ရန်ကုန်၊ စက်တင်ဘာ (၂၂)ရက် - ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ နှင့် ထောက်ပံ့သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများကို အဓိကထား ဆွေးနွေးသာ တတိယ အကြိမ်မြောက် အာဆီယံ စီးပွားရေးအသိုက်အဝန်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ ချက်ထရီယံ ဟိုတယ်၌ ကျင်းပရာက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ် အမှာစကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး၊ ၂ဝ၁၅ ခုနှစ် တွင် ဖြစ်ပေါ်လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် ကြိုတင်လေ့လာ ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်သည်။ တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို "AEC Brainstorming : Tourism, Logistics, SMEs and Free Flow of Investment" ဟုခေါင်းစဉ်တတ်ထားပြီး၊ PT&MM Event Ads Co., Ltd မှပင် တာဝန်ယူ စီစဉ်တင်ဆက်ခြင်းဖြစ်သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲများကို ယင်းကုမ္ပဏီမှပင် ၂ဝ၁၂ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း အောင်မြင်စွာ ကျင်းပခဲ့သည်။

ယနေ့ကျင်းပသော တစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတွင် AEC ကြောင့်ဖြစ်ပေါ်လာမည့် အခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများကို အသိပညာရှင်၊ အတတ်ပညာရှင်များက ပောာပြော ဆွေးနွေးကြပြီး၊ တက်ရောက်သူများကလည်း အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရန် လုပ်ငန်းတူအုပ်စု (၄)ခုခွဲ ဆွေးနွေးကြသည်။ ပြည်တွင်းလုပ်ငန်းရှင်များသည် ဤအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်၍ ၄င်းတို့၏ စီးပွားရေးမူများနှင့် မျှော်မှန်းချက်များကို ဖြစ်ပေါ်လာမည့် အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် တစ်သားတည်း ဖြစ်အောင် ကြိုတင်ပြင်ဆင်နိုင်မည် ဖြစ်သည်။

"ကျွန်တော်တို့က မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေကို AEC နဲ့ ပတ်သက်ပြီး Macro Message ပေးချင်တာပါ။ နိုင်ငံတော်ကလည်း အမျိုးသားလွှတ်တော်က ဦးစီးပြီး AEC ကော်မတီဖွဲ့ပြီး အသိ ပညာပေး လုပ်ငန်းတွေလုပ်နေကြပြီ ဆိုတော့ အလွန်ကောင်းပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ PPP (Private-Public Partnership) ပါပဲ" ဟု ပါရမီစွမ်းအင်ကုမ္ပဏီ အကြီးတန်း အကြံပေး နှင့် အလုပ်ရုံ ဆွေးနွေးပွဲ၏ သဘာပတိ အဖြစ် ဆောင်ရွက်သူ ဦးတင်ချို က ပြောကြားသည်။

တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသော လုပ်ငန်းရှင်များ အုပ်စုတွင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ရန် အတွက် ဆွေးနွေးချိန် သီးသန့်ပေးထားပြီး၊ ဆိုင်ရာအုပ်စု ကိုယ်စားလှယ်များက အများရှေ့တွင် ဝိုင်းဖွဲ့ ဆွေးနွေးတင်ပြကြသည်။

All Asia Exclusive Travel Co., Ltd ၏ MD ဦးဖြိုးဝေရာဇာ က "Tourism Challenge for AEC 2015" ခေါင်းစဉ်ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍ ကို ဟောပြောဆွေးနွေးပြီး၊ ရတနာပုံ တယ်လီပို့ ဥပဒေ အကြံပေး ဦးဌေးချွန်က "Free Flow of Investment" ခေါင်းစဉ်ဖြင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ကို တင်ပြဆွေးနွေးသည်။

စက်မှုဝန်ကြီးဌာန အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးဝင်း က "SMEs Promotion" ခေါင်းစဉ်ဖြင့် အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကဏ္ဍကို ဆွေးနွေးပြီး၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအောင်ခင်မြင့်က "Liberalization in Logistic Services and Challenges" ခေါင်းစဉ်ဖြင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍကို အသီးသီး ပောာပြောဆွေးနွေးကြသည်။

တတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ဒေါ်မြသိန်းနှင့်သားများ ပလပ်စတစ်လုပ်ငန်း၊ Ma Ga Manufacturing Co., Ltd, Chein Kaung Express Co., Ltd နှင့် Tractors World Co., Ltd တို့က ပါဝင်ကူညီထားပြီး၊ ပါရမီစွမ်းအင်အုပ်စုက Main Sponsor အဖြစ် တာဝန်ယူ ပံ့ပိုးပေးထားသည်။

Copyright © AEC Myanmar. All rights reserved 2012.